အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ ဒီကေန႔ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ညေနပိုင္းမွာ အေစာဆုံးထားၿပီး ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ဖို႔ ႐ွိေနပါတယ္။ ေျမာက္ကိုရီးယားက ဂ်ပန္ပင္လယ္ျပင္ထဲ ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္ၿပီး တရက္အၾကာမွာ အေမရိကန္နဲ႔ ဂ်ပန္တို႔ရဲ႕ စစ္ေရးေလ့က်င့္မယ့္အေၾကာင္း ဖူဂ်ီသတင္းဌာနမွာ ေဖာ္ျပထားပါတယ္။
ဂ်ပန္ႏိုင္ငံအနီးမွာ ျပဳလုပ္မယ့္ ဒီစစ္ေရးေလ့က်င့္မႈမွာ ဂ်ပန္တိုက္ေလယာဥ္ေတြ၊ အေမရိကန္ ဗုံးက်ဲေလယာဥ္ေတြပါဝင္မွာ ျဖစ္ပါတယ္။ စစ္ေရးေလ့က်င့္မႈ ဘယ္အခ်ိန္မွာ လုပ္မယ္ဆိုတာ အခ်ိန္အတိအက်ကေတာ့ မိုးေလဝသအေျခအေနအေပၚမွာ မူတည္တယ္လို႔ အမည္မေဖာ္လိုတဲ့ အရာ႐ွိေတြကို ကိုးကားၿပီး ဖူဂ်ီသတင္းမွာ ေရးပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၈ ရက္ေန႔တုန္းကလည္း ဂ်ပန္ေလထီးတပ္ဟာ အေမရိကန္၊ ၿဗိတိန္၊ ၾသစေၾတးလ်ႏိုင္ငံတို႔က စစ္တပ္ေတြနဲ႔ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံက တခုတည္းေသာ ေလထီးခုန္ တိုက္ခိုက္ေရးတပ္ျဖစ္တဲ့ တပ္မဟာ ၁ က တပ္ဖြဲ႔ဝင္ ၁,၀၀၀ ေလာက္ဟာ ႏွစ္စဥ္ ဇန္နဝါရီလအတြင္း က်င္းပေလ့႐ွိတဲ့ ေလထီးခုန္ စစ္ေရးေလ့က်င့္မႈမွာ ပါဝင္ခဲ့ၾကတာပါ။
ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း တ႐ုတ္နဲ႔ ေရပိုင္နက္ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံကလည္း မၾကာခင္မွာ အေမရိကန္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္မယ္လို႔ ေၾကညာထားပါတယ္။
==== Unicode ====
အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညနေပိုင်းမှာ အစောဆုံးထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး တရက်အကြာမှာ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ စစ်ရေးလေ့ကျင့်မယ့်အကြောင်း ဖူဂျီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံအနီးမှာ ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်တိုက်လေယာဉ်တွေ၊ အမေရိကန် ဗုံးကျဲလေယာဉ်တွေပါဝင်မှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှု ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ အချိန်အတိအကျကတော့ မိုးလေဝသအခြေအနေအပေါ်မှာ မူတည်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး ဖူဂျီသတင်းမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့တုန်းကလည်း ဂျပန်လေထီးတပ်ဟာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့က စစ်တပ်တွေနဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက တခုတည်းသော လေထီးခုန် တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ တပ်မဟာ ၁ က တပ်ဖွဲ့ဝင် ၁,၀၀၀ လောက်ဟာ နှစ်စဉ် ဇန်နဝါရီလအတွင်း ကျင်းပလေ့ရှိတဲ့ လေထီးခုန် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြတာပါ။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း မကြာခင်မှာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။