သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပါဝင်တဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုစတင်


ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၇ ခုနှစ်က အမေရိကန်နဲ့ သြစတေးလျ Talisman Sabre ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်းတွေ့ရတဲ့ သြစတေးလျစစ်တပ် တပ်မဟာ (၃)က စစ်သည်များ (ဇူလိုင် ၁၃၊ ၂၀၁၇)
ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၇ ခုနှစ်က အမေရိကန်နဲ့ သြစတေးလျ Talisman Sabre ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်းတွေ့ရတဲ့ သြစတေးလျစစ်တပ် တပ်မဟာ (၃)က စစ်သည်များ (ဇူလိုင် ၁၃၊ ၂၀၁၇)

အမေရိကန်နဲ့ သြစတေးလျ ၂ နိုင်ငံ စစ်တပ်တွေကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြစတေးလျနိုင်ငံ Sydney မြို့မှာ ဒီနေ့ စတင်လိုက်ပါတယ်။ အာရှဒေသမှာ တရုတ်ရဲ့ စစ်အင်အားချဲ့ထွင်မှု ကြီးမားလာနေချိန်မှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်နေကြတာပါ။ Talisman Sabre လို့နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ဒီမိုကရေစီတန်ဖိုးတွေကိုကာကွယ်ဖို့ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ Sydney ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ USS Canberra အမေရိကန်စစ်သင်္ဘောပေါ်မှာ အမေရိကန်ရေတပ်ဝန်ကြီး Carlos Del Toro က ပြောကြားခဲ့ပါတယ်။

မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေကြား ဘုံတန်ဖိုးထားမှုတွေနဲ့ အင်မတန် စည်းလုံးစုစည်းမှုရှိကြတယ်ဆိုတာ ဒီစစ်ရေးလေ့ကျင့်မှုကနေ တရုတ်နိုင်ငံအနေနဲ့ သိရှိနိုင်မယ့် အရေးအကြီးဆုံး သတင်းစကားဖြစ်ပါတယ်လို့ အမေရိကန်ရေတပ်ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားနဲ့ အရေးကြီးတဲ့တန်ဖိုးတွေ ကာကွယ်ဖို့အတွက် အနောက်နိုင်ငံတွေ၊ အနောက်တိုင်းကမဟုတ်တဲ့ နိုင်ငံတွေ အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သူကပြောပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၇ ခုနှစ်က အမေရိကန်နဲ့ သြစတေးလျ Talisman Sabre ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်းတွေ့ရတဲ့ သြစတေးလျစစ်တပ် တပ်မဟာ (၃)က စစ်သည်များ (ဇူလိုင် ၁၃၊ ၂၀၁၇)
ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၇ ခုနှစ်က အမေရိကန်နဲ့ သြစတေးလျ Talisman Sabre ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်းတွေ့ရတဲ့ သြစတေးလျစစ်တပ် တပ်မဟာ (၃)က စစ်သည်များ (ဇူလိုင် ၁၃၊ ၂၀၁၇)

Talisman Sabre စစ်ဆင်ရေးကို အမေရိကန်နဲ့ သြစတေးလျကြား ၂၀၀၅ ခုနှစ်ထဲက ၂ နှစ် ၁ ခါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၃ နိုင်ငံက စုစုပေါင်း တပ်ဖွဲ့ဝင် ၃ သောင်းကျော် ပါဝင် စစ်ရေးလေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ သြစတေးလျနဲ့ အမေရိကန်အပါအဝင် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြမယ့် နိုင်ငံတွေအနေနဲ့ အဆင့်မြင့် တိုက်ခိုက်ရေးနည်းတွေကို လေ့ကျင့်နိုင်မယ့် အခွင့်အလမ်းတွေ ရကြမှာဖြစ်တယ်လို့ သြစတေးလျကာကွယ်ရေးဝန်ကြီး Richard Marles ကပြောကြားခဲ့ပါတယ်။ သြစတေးလျနိုင်ငံမြောက်ပိုင်း Queensland မြို့က Bowen ကမ်းရိုးတမ်းမြို့မှာ သီတင်း ၂ ပတ်ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွက် စစ်တပ်သုံး ယာဉ် ၈၀၀ ကျော်ကို အဲဒီမြို့ကို စေလွှတ်ဖြန့်ချမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG