သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးလေ့ကျင့်မှု ထိုင်ဝမ်သတိပေးချက်အဖြစ် တရုတ်ပြောကြား 


ထိုင်ဝမ်ပိုင် မတ်စုကျွန်းတွေနဲ့အနီးဆုံး ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ တရုတ်ရေပိုင်နက်ထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်သင်္ဘောတစီးကိုတွေ့ရစဉ် (ဧပြီ ၈၊၂၀၂၃)
ထိုင်ဝမ်ပိုင် မတ်စုကျွန်းတွေနဲ့အနီးဆုံး ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ တရုတ်ရေပိုင်နက်ထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်သင်္ဘောတစီးကိုတွေ့ရစဉ် (ဧပြီ ၈၊၂၀၂၃)

တရုတ်ရဲ့ကင်းတပ်ဖွဲ့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာဟာ ထိုင်ဝမ်ကို အလေးအနက်သတိပေးနေတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တင်္နလာနေ့ ဧပြီလ ၁၀ ရက်နေ့က ပြောကြားသွားပါတယ်။ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ထိုင်ဝမ်ခွဲထွက်ရေး လိုလားတဲ့ တပ်ဖွဲ့တွေရဲ့ ရန်စမှုကို သတိပေးတာပါလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝန်ဘင်းက ပြောကြားသွားတာပါ။ စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက် တနင်္လာနေ့မှာ လေကြောင်း၊ ရေကြောင်း ပိတ်ဆို့တိုက်ခိုက်မှု စစ်ရေးလေ့ကျင့်ခန်းကို ထိုင်ဝမ်ကျွန်းတဝှိက်မှာ ကျင်းပသွားတော့ တရုတ်လေယာဉ်တင်စစ်သင်္ဘော "ရှန်ဒုံး"လည်း ပါဝင်ခဲ့ပါတယ်။

ထိုင်ဝမ်ဘက်ကလည်း တရုတ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို သေချာစောင့်ကြည့်နေပြီး တရုတ်က စစ်တိုက်လေယာဉ် တဒါဇင်နဲ့ စစ်ရေယာဉ် ၁၁ စင်း ပါဝင်တယ်လို့ ပြောပါတယ်။

ဂျပန်ကလည်း သောကြာနေ့ ၇ ရက်နေ့ကနေ တနင်္ဂနွေ ဧပြီ ၉ ရက်နေ့အထိဆို တရုတ်ရဲ့ ရှန်ဒုံးလေယာဉ်တင်သင်္ဘောကနေ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် အကြိမ်၁၂၀ အတက်အဆင်းပြုလုပ်ခဲ့တယ်၊ စစ်ရေးလေ့ကျင့်မှုမှာ ရှန်ဒုံးစစ်သင်္ဘောအပြင် တခြား တိုက်ခိုက်ရေး စစ်ရေယာဉ်တွေ ထောက်ပံ့ရေးယာဉ်တွေဟာ ဂျပန်နိုင်ငံရဲ့ မီယားကိုကျွန်းနဲ့ မိုင် ၁၄၀ ကျော်လေးအကွာအဝေးထိ ရောက်လာခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တနင်္လာနေ့ကပဲ ပြောကြားသွားပါတယ်။

တရုတ်လေယာဉ်တင်စစ်သင်္ဘော "ရှန်ဒုံး" ပေါ်ကနေ တိုက်လေယာဉ်တစင်းထွက်ခွာသွားနေစဉ် (ဧပြီ ၉ ၊ ၂၀၂၃)
တရုတ်လေယာဉ်တင်စစ်သင်္ဘော "ရှန်ဒုံး" ပေါ်ကနေ တိုက်လေယာဉ်တစင်းထွက်ခွာသွားနေစဉ် (ဧပြီ ၉ ၊ ၂၀၂၃)

တနင်္လာနေ့မှာပဲ အမေရိကန်ရဲ့ ပဲ့ထိန်းတပ်ဒုံးတင် အမေရိကန်စစ်တပ် ဖျက်သင်္ဘော USS Milius က တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ တခြားနိုင်ငံတွေ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ Spartly စပါတလီကျွန်း အနီးကနေ ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ ချိုင်အင်ဝမ် အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျယ်လိစ်မြို့မှာအောက်လွှတ်တော်ဥက္ကဌ Kevin McCarthy (ကယ်ဗင် မတ်ကာသီ)နဲ့ တွေ့ဆုံဆွေးနွေးြပီးနောက် ထိုင်ပေမြို့တော်ကို ပြန်ရောက်သွားအပြီးမှာ တရုတ်က ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြောင်း ဧပြီလ ၈ ရက်နေ့မှာ ကြေညာသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG