သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတဟောင်းရဲ့ တရုတ်ငြိမ်းချမ်းရေး ခရီးစဉ်


ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျောင်း(ဝဲ) တရုတ်-ထိုင်ဝမ်ဆက်ဆံရေးရုံးအကြီးအကဲနှင့် သွားရောက်တွေ့ဆုံစဉ်။ (မတ်လ ၃၀၊ ၂၀၂၃)
ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျောင်း(ဝဲ) တရုတ်-ထိုင်ဝမ်ဆက်ဆံရေးရုံးအကြီးအကဲနှင့် သွားရောက်တွေ့ဆုံစဉ်။ (မတ်လ ၃၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

ထိုင်ဝမ်အတိုက်အခံပါတီခေါင်းဆောင် သမ္မတဟောင်း မာရင်ကျောင်း Ma Ying-Jeou ဟာ တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေပါတယ်။

စစ်မဖြစ်အောင်တားဆီးရေး၊ ငြိမ်းချမ်းရေးနဲ့ တခြားနိုင်ငံတွေကို ရောက်နေတဲ့ တရုတ်တွေ ပြန်လည်စုစည်းရေးအတွက် တရုတ်နဲ့ထိုင်ဝမ် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း သမ္မတဟောင်း မာရင်ကျောင်း ကခရီးစဉ်အ တွင်းပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ပြီးနောက်ပိုင်း ထိုင်ဝမ်ခေါင်းဆောင် သမ္မတဟောင်းတဦး တရုတ်ပြည်မကြီးကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပါတယ်။

တရုတ်ပြည်ကိုငြိမ်းချမ်းရေးခရီစဉ်အဖြစ်သွားရောက်တာဖြစ်ပြီး ခရီးစဉ်တလျှောက် သူရပ်တန့်ရာနေရာတွေမှာ တရုတ်နိုင်ငံသားတွေက သူ့ကိုကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ သူကလည်း ထိုင်ဝမ်ကိုလာရောက်လည်ပတ်ပါ လို့ ပြန်လည်ဖိတ်ခေါ်ခဲ့ပါတယ်။ သမ္မတဟောင်း မာရင်ကျောင်းနဲ့အတူ ထိုင်ဝမ်ကျောင်းသား ၃၀ လောက် လည်း လိုက်ပါသွားပြီး ခေတ်သစ်တရုတ်ပြည်ကို ဦးဆောင်ထူထောင်ခဲ့တဲ့ ဆွန်ယက်ဆင် ဂူဗိမာန်နဲ့ စစ်အတွင်း သမိုင်းဝင်နေရာတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ သူဟာ တရုတ်ပြည်မကြီးတာဝန်ရှိသူတွေအပြင် တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အခုလိုအချိန်မှာပဲ လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကတော့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။ အမေရိကတိုက်အလယ်ပိုင်းနိုင်ငံတွေကို ခရီးမဆက်မီ အမေရိကန်ပြည်ထောင်စုမှာ ခရီးတထောက်နားတာဖြစ်ပြီး နယူးယောက်မှာ ထောက်ခံအားပေးသူတွေနဲ့တွေ့ဆုံခဲ့သလို လော့စ်အိန်ဂျလိစ်မြို့မှာ အမေရိကန် လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံမယ်လို့မျှော်လင့်ရပါတယ်။ သမ္မတ ဆိုင်အင်ဝမ်ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်အစိုးရကတော့ အပြင်းအထန်ကန့်ကွက်ပါတယ်။

==========







XS
SM
MD
LG