သုံးရလွယ်ကူစေသည့် Link များ

တရုတ်နဲ့ ထိုင်ဝမ် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး


တရုတ်နဲ့ ထိုင်ဝမ် ပြိုင်ဘက် နှစ်ဘက်အကြား သမိုင်းဝင် စီးပွားရေးဆိုင်ရာ သဘောတူညီချက် တရပ်ကို ဒီကနေ့ လက်မှတ်ရေးထိုး လိုက်တဲ့အတွက် နှစ်ဘက် စီးပွားရေး လုပ်ငန်းတွေ ပိုမို နီးနီးကပ်ကပ် လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

Economic Cooperation Framework Agreement – ECFA စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံ သဘောတူညီချက်လို့ ခေါ်တဲ့ သဘောတူညီချက်ကို တရုတ်နိုင်ငံ တောင်ပိုင်းက Chongqing မြို့မှာ လက်မှတ်ရေးထိုးလိုက်တာပါ။

ထိုင်ဝမ်သမ္မတ မာယင်ဂျောင်း (Ma Ying-jeou) က တရုတ်နိုင်ငံနဲ့ စီးပွားရေး၊ သံတမန်ရေးတွေ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ဖို့ သူအာဏာရခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ကြိုးပမ်းခဲ့တာကြောင့် အခုလို ECFA သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တာပါ။

ဒီသဘောတူညီချက်ကို ထောက်ခံသူတွေက တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုအဖြစ် တဖြည်းဖြည်း ကြီးထွားလာနေတာကြောင့် ထိုင်ဝမ်ကျွန်းဟာ စီးပွားရေးအရ တရုတ်လက်အောက် ရောက်သွားမှာကို မလိုလားတဲ့အတွက် ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ ထိုင်ဝမ်ကျွန်းရဲ့ သီးခြားအုပ်ချုပ်ခွင့်နဲ့ စီးပွားရေးအရ လွတ်လပ်မှုတွေကို ထိပါးစေမယ်ဆိုပြီး အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ကန့်ကွက်နေပါတယ်။

ဒီသဘောတူညီချက်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်ပေါင်းများစွာသော ထိုင်ဝမ်ကျွန်းသားတွေ စနေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG