သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် လက်ရှိသမ္မတ ပြန်ရွေးချယ်ခံရ


ထိုင်ဝမ် လက်ရှိသမ္မတ ပြန်ရွေးချယ်ခံရ
ထိုင်ဝမ် လက်ရှိသမ္မတ ပြန်ရွေးချယ်ခံရ

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲ ဆိုင်ရာ မဲပေးတာတွေ အဆုံးသတ်ခဲ့ပါပြီ။ လောလောဆယ် ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ လက်ရှိသမ္မတ မရင်ဂျောင်း (Ma Ying-jeou) က ဦးဆောင်နေပြီး သူအနိုင်ရပြီလို့ ပြောနေပါတယ်။ သမ္မတ မရင်ဂျောင်း ရဲ့ ပါတီရုံးတွေရဲ့ရှေ့မှာ သူ့ကိုထောက်ခံသူတွေက အောင်ပွဲခံနေကြပါတယ်။ သမ္မတ မရင်ဂျောင်း အနိုင်ရပြီလို့ ကြွေးကြော်နေကြပါတယ်။

မဲတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ရေတွက်ကြည့်တဲ့အခါမှာ သမ္မတ မရင်ဂျောင်းက ၅၁ ရာခိုင်နှုန်း ရနေပြီး သူနဲ့အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင် မစ္စဆိုင်းအင်ဝမ် (Ms.Tsai Ing-wen) က ၄၆ ရာခိုင်နှုန်း ရနေပါတယ်။ မစ္စဆိုင်းအင်ဝမ် ဟာ ထိုင်ဝမ်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာဖို့ ကြိုးပမ်းနေတာပါ။

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက အသေအချာ စောင့်ကြည့်နေပါတယ်။ တရုတ်အရာရှိတွေကတော့ လက်ရှိသမ္မတ မရင်ဂျောင်းကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့်နေတာပါ။

မစ္စဆိုင်းအင်ဝမ်က အမျိုးသားရေးကို ပိုပြီးအားသန်သူဖြစ်ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို တောင်းဆိုနေတဲ့သူပါ။ အခုကျင်းပတဲ့ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲကို အမေရိကန် ပြည်ထောင်စုကလည်း စိတ်ဝင်တစား စောင့်ကြည့်နေတာ ဖြစ်ပြီး သမ္မတ မရင်ဂျောင်း အနိုင်ရတာကို ဂုဏ်ယူတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်တွေကိုတော့ ဒီကနေ့ ညပိုင်းမှာ ကြေညာပါလိမ့်မယ်။

XS
SM
MD
LG