သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ထိုင်ဝမ်သမ္မတတို့ ၁၉၄၉ ခုနောက်ပိုင်း ပထမအကြိမ် တွေ့ဆုံမည်


ထိုင်ဝမ်သမ္မတ Ma Ying-jeou ဟာ တရုတ်သမ္မတ Xi Jiangping နဲ့ လာမယ့် စနေနေ့မှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ်လို့ ထိုင်ဝမ်က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ တရုတ်ခေါင်းဆောင်တွေအနေနဲ့ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှုကို စင်္ကာပူနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဘာသဘောတူညီချက်မှ လက်မှတ်ထိုးဖို့ မရှိဘူးလို့ ထိုင်ဝမ်သမ္မတ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ သမ္မတ ၂ ယောက်ဟာ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအကြားက ဆက်ဆံရေးကို ပိုမို ခိုင်မြဲအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြားကိစ္စကိုလည်း လက်ရှိအတိုင်း ဆက်လက် ထားရှိမယ်လို့ အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

သမ္မတ ၂ ဦး တွေ့ဆုံကြမယ့်အကြောင်းကို တရုတ်နိုင်ငံကလည်း အတည်ပြု ပြောဆိုပါတယ်။

XS
SM
MD
LG