သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတ ကန်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံ 


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားကိုရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝဲန်းကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီက တွေ့ဆုံစဉ်။ (ဧပြီ ၅၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားကိုရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝဲန်းကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီက တွေ့ဆုံစဉ်။ (ဧပြီ ၅၊ ၂၀၂၃)


{{Zawgyi/Unicode}}

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားကို ရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် (Tsai Ing-wen) နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်သမ္မတဟာ အမေရိကန်ရဲ့ အရေးပါတဲ့မိတ်ဆွေတဦးဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

အမေရိကန်နဲ့ထိုင်ဝမ်ပြည်သူတွေအတွက် စီးပွါးရေးလွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ တည်ငြိမ်ရေး တိုးတက်လာအောင် ၂ နိုင်ငံ လက်တွဲဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ ဆက်ရှာမှာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက McCarthy က ပြောပါတယ်။

သမ္မတ Tsai ကလည်း လက်တွဲဆောင်ရွက်ရင် ပိုမိုအင်အားခိုင်မာလာမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် တိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ်ကြေညာထားတဲ့ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေအတွက် လျှော့မတွက်ဖို့တော့ သတိပေးပါတယ်။ ထိုင်ထိုင်ဝမ်ဟာ ငြိမ်းချမ်းတဲ့အခြေနေအတိုင်းရှိဖို့နဲ့ ကမ္ဘာကြီးအတွက် အားထားယုံကြည်ရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ဖို့ ကြိုးစားနေကြောင်းလည်း ပြောပါတယ်။

အမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တိုင်ဝမ်သမ္မတတို့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို တရုတ်အစိုးရဘက်ကလည်း ချက်ချင်းတုံ့ပြန်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ မြောက်ဖက်- အလယ်ပိုင်းမှာ ပူးတွဲကင်းလှည့်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ တရုတ်စစ်တပ်ကလည်း အရှေ့တရုတ်ပင်လယ်ပြင်ထဲကို စစ်သင်္ဘောတစင်းနဲ့ ဖျက်သင်္ဘော ၂ စင်းချထားပြီး ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်ပါမပါတော့ တရုတ်အာဏာပိုင်တွေကမပြောပါဘူး။ ဒါဟာ ထိုင်ဝမ်သမ္မတရဲ့ အမေရိကန် ခရီးစဉ်အတွက် မကျေနပ်တဲ့သဘောဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

ထိုင်ဝမ်သမ္မတဟာ အမေရိကန်အနောက်ခြမ်းက ကယ်လီဖိုးနီးယား ပြည်နယ်ကို မလာခင် လက်တင်အမေရိကနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန်အရှေ့ခြမ်းက နယူးရောက်ကိုသွားရောက်ခဲ့ပြီး အောက်လွှတ်တော် ဒီမိုကရက်ပါတီ အနည်းစုအမတ်များခေါင်ဆောင် Hakeem Jeffries နဲ့တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို တရုတ်ကကျူးကျော်လာရင် စစ်ရေးအရ ခုခံကာကွယ်မယ်လို့ မကြာခဏပြောလေ့ရှိပေမယ့် တဖက်မှာလည်း "တရုတ်တပြည်ထောင်" မူဝါဒကတော့ ပြောင်းလဲခြင်းမရှိကြောင်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}

ထိုငျဝမျသမ်မတ ကနျအောကျလှှတျတောျဥက်ကဋ်ဌနဲ့ တှေ့ဆုံ








XS
SM
MD
LG