သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်မှာ စစ်မှုမထမ်းမနေရသက်တမ်းတိုး


ထိုင်ဝမ်သမ္မတ Tsai Ing-wen 
ထိုင်ဝမ်သမ္မတ Tsai Ing-wen 

[[Zawgyi/Unicode]]

တရုတ်ရဲ့ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်နိုင်ငံမှာ စစ်မှုမထမ်းမနေရကာလကို ၄ လ ကနေ ၁ နှစ်အထိတိုးမြှင့်ကြောင်း အင်္ဂါနေ့မှာ ကြေညာမယ်လို့ ဒေသခံ မီဒီယာတွေက ပြောကြပါတယ်။

အရွယ်ရောက်ပြီး ယောက်ကျားတွေအားလုံးဟာ ဒီ စစ်မှုမထမ်းမနေရ ပြဌာန်းချက်မှာ အကျုံးဝင်မှာပါ။ ထိုင်ဝမ်သမ္မတ Tsai Ing-wen က အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး နေ့လယ် ၃ နာရီခွဲမှာခေါ်ဆိုထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အစိုးရတပိုင်းပိုင် ဗဟိုသတင်းဌာန CNA က ပြောပါတယ်။ ခုလို ကာလတိုးမြှင့်တာကို နောက်လမှာ တရားဝင်ကြေညာဖြစ်ခဲ့ရင် အပြောင်းအလဲက ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စတင် သက်ရောက်မှာဖြစ်တယ်လို့ CNA က ဆိုပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်လည်ချိန်ညှိမယ့် အဆိုပြုချက်တရပ်ကို စဉ်းစားဖို့ရှိတယ်လို့ သမ္မတရုံးကပြောခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောဆိုပါဘူး။

တရုတ်ပြည်က ကျူးကျော်တိုက်ခိုက်လာနိုင်တဲ့အန္တရာယ်ဟာ တနေ့တခြား ကြီးမားလာနေတဲ့အတွက် တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေအတွက် စိုးရိမ်စရာဖြစ်လာကြတာပါ။

ထိုင်ဝမ် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံထဲ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် တရုတ်လေယာဉ် ၇၁ စီးက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်အစိုးရက တနင်္လာနေ့ကလည်း ပြောခဲ့ပါတယ်။

တရုတ်တို့ဘက်ကတော့ အမေရိကန်နဲ့ထိုင်ဝမ်တို့ဘက်က ရန်စတဲ့လုပ်ရပ်တွေကြောင့် ထိုင်ဝမ်အနီးမှာ ထိုးစစ်ဆင်တဲ့လေ့ကျင့်မှုတွေ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ တနင်္ဂနွေနေ့က တရုတ်လေယာဉ်တွေ ထိုင်ဝမ်ကာကွယ်ရေးဇုံထဲဝင်ရောက်မှုဟာ အမေရိကန်နိုင်ငံရဲ့ နှစ်စဉ်ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်ကို အတည်ပြုပြီးတဲ့နောက်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီ ဘတ်ဂျက်ထဲ လာမယ့် ၅ နှစ်အတွင်းထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့စစ်ရေး အကူအညီ ရောင်းချပေးအပ်ဖို့အချက်ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








XS
SM
MD
LG