သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္၀မ္ကိုဦးတည္တဲ့ စစ္ေရးေလ့က်င့္မႈ တ႐ုတ္ျပဳလုပ္


တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ရဲ႕ စစ္ေရးေလ့က်င့္မႈသတင္းကိုျပသေနတဲ့ ေဘက်င္းၿမိဳ႕လည္ေခါင္က ဖန္သားျပင္တခုကိုေတြ႔ရစဥ္ (ၾသဂုတ္ ၃၊ ၂၀၂၂)

ထိုင္ဝမ္ကြၽန္းကို ဦးတည္ၿပီး စစ္ေလယာဥ္ေတြနဲ႔ ေရတပ္ သေဘၤာေတြ ပါဝင္တဲ့ အႀကီးစား ထိုးစစ္ စစ္ေရးေလ့က်င့္မႈတစ္ရပ္ကို တ႐ုတ္က တနဂၤေႏြေန႔က စၿပီးျပဳလုပ္ခဲ့ပါတယ္။ တနဂၤေႏြေန႔ မနက္ ၆ နာရီ ကေန တနလၤာေန႔ မနက္ ၆ နာရီ အထိ ၂၄ နာရီ အတြင္း တ႐ုတ္ျပည္သူ႔ တပ္မေတာ္ ေလယာဥ္ ၅၇ စင္းနဲ႔ စစ္သေဘၤာ ၄ စင္း ထိုင္ဝမ္ ကို ဦးတည္ ပ်ံသန္းသြားလာခဲ့ၾကတယ္လို႔ ထိုင္ဝမ္ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာနက တနလၤာေန႔ မနက္မွာ ေျပာပါတယ္။ တ႐ုတ္က စစ္ေရးေလ့က်င့္မႈေတြကို တနလၤာေန႔ အထိ ဆက္လုပ္ေနၿပီး၊ ထိုင္ဝမ္ရဲ႕ ကာကြယ္ေရး ဒုံးက်ည္စနစ္ကေန တ႐ုတ္ ေလယာဥ္ နဲ႔ သေဘၤာေတြ ကို ေစာင့္ၾကည့္ေနပါတယ္။

အခုလို စစ္ေရး ေလ့က်င့္မႈလုပ္တာက ဂ်ာမနီလႊတ္ေတာ္ကိုယ္စားလွယ္အမတ္ေတြ တနလၤာေန႔ မွာ ထိုင္ဝမ္ကို ေရာက္ရွိလာတာနဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္အမတ္ေတြကို ဂ်ာမနီလႊတ္ေတာ္ ကာကြယ္ေရး ေကာ္မတီ ရဲ႕ ဥကၠ႒ မာရီ အက္ဂနက္စ္ စထရက္ခ္ ဇင္မာမန္း (Marie-Agnes Strack-Zimmermann) က ဦးေဆာင္လာတာပါ။ ကိုယ္စားလွယ္အဖြဲ႕ဟာ ထိုင္ဝမ္သမၼတ ခ်ိဳင္အင္ဝမ္ (Tsai Ing-wen) ထိုင္ဝမ္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီဥကၠ႒ နဲ႔ တ႐ုတ္ျပည္မႀကီးေရးရာ ေကာင္စီဥကၠ႒တို႔နဲ႔လည္း ေတြ႕ဆုံမွာ ျဖစ္ပါတယ္။ အၿခိမ္းေျခာက္ခံ အေျခအေနကို အစည္းအေဝးေတြမွာ ေဆြးေႏြးၾကမယ္လို႔ ဂ်ာမန္အဖြဲ႕ေခါင္းေဆာင္ က ေျပာပါတယ္။ ဂ်ာမနီရဲ႕ ဒီခရီးစဥ္ အေပၚ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ရႈတ္ခ်ပါတယ္။ ဂ်ာမနီအေနနဲ႔ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို လိုက္နာၾကဖို႔ တိုက္တြန္းေၾကာင္း ေျပာခြင့္ရ ဝမ္ေဝဘင္က သတင္းစာရွင္းလင္းပြဲ မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================================

[Unicode]

ထိုင်ဝမ်ကျွန်းကို ဦးတည်ပြီး စစ်လေယာဉ်တွေနဲ့ ရေတပ် သင်္ဘောတွေ ပါဝင်တဲ့ အကြီးစား ထိုးစစ် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို တရုတ်က တနင်္ဂနွေနေ့က စပြီးပြုလုပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ မနက် ၆ နာရီ ကနေ တနင်္လာနေ့ မနက် ၆ နာရီ အထိ ၂၄ နာရီ အတွင်း တရုတ်ပြည်သူ့ တပ်မတော် လေယာဉ် ၅၇ စင်းနဲ့ စစ်သင်္ဘော ၄ စင်း ထိုင်ဝမ် ကို ဦးတည် ပျံသန်းသွားလာခဲ့ကြတယ်လို့ ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ မနက်မှာ ပြောပါတယ်။ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို တနင်္လာနေ့ အထိ ဆက်လုပ်နေပြီး၊ ထိုင်ဝမ်ရဲ့ ကာကွယ်ရေး ဒုံးကျည်စနစ်ကနေ တရုတ် လေယာဉ် နဲ့ သင်္ဘောတွေ ကို စောင့်ကြည့်နေပါတယ်။

အခုလို စစ်ရေး လေ့ကျင့်မှုလုပ်တာက ဂျာမနီလွှတ်တော်ကိုယ်စားလှယ်အမတ်တွေ တနင်္လာနေ့ မှာ ထိုင်ဝမ်ကို ရောက်ရှိလာတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အမတ်တွေကို ဂျာမနီလွှတ်တော် ကာကွယ်ရေး ကော်မတီ ရဲ့ ဥက္ကဋ္ဌ မာရီ အက်ဂနက်စ် စထရက်ခ် ဇင်မာမန်း (Marie-Agnes Strack-Zimmermann) က ဦးဆောင်လာတာပါ။ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်သမ္မတ ချိုင်အင်ဝမ် (Tsai Ing-wen) ထိုင်ဝမ် အမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ နဲ့ တရုတ်ပြည်မကြီးရေးရာ ကောင်စီဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အခြိမ်းခြောက်ခံ အခြေအနေကို အစည်းအဝေးတွေမှာ ဆွေးနွေးကြမယ်လို့ ဂျာမန်အဖွဲ့ခေါင်းဆောင် က ပြောပါတယ်။ ဂျာမနီရဲ့ ဒီခရီးစဉ် အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချပါတယ်။ ဂျာမနီအနေနဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာကြဖို့ တိုက်တွန်းကြောင်း ပြောခွင့်ရ ဝမ်ဝေဘင်က သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

XS
SM
MD
LG