သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှား တပတ်ကြာ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြီးဆုံး


(Zawgyi / Unicode)

တရုတ်အရှေ့ဖက် ပင်လယ်ပြင်အတွင်း တရုတ်နဲ့ရုရှား တပတ်အကြာ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလေ့ကျင့်မှုထဲမှာ ရေမြှုပ်ဗုံးတွေ၊ စစ်သင်္ဘောက ပစ်ခတ်တဲ့ နည်းတွေနဲ့ ရန်သူ့ ရေငုပ်သင်္ဘောကို ဖမ်းဆီးချေမှုန်းတဲ့ လေ့ကျင့်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရုရှားရေတပ်ရဲ့ တပ်ဆွယ်တခုဖြစ်တဲ့ ပစိဖိတ် စစ်သင်္ဘောအုပ်စုနဲ့ တရုတ်ရေတပ်တို့ နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှု သဘောတူညီချက် အရ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့ အထ နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည် Zhejiang ပြည်နယ်က Zhoushan နဲ့ Taizhou ဒေသက ပင်လယ်ပြင်အတွင်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တရုတ်အစိုးရ သတင်းဌာန တွေကလည်း ကြေညာပါတယ်။

တရုတ်ပင်လယ်ပြင်အတွင်း ရုရှားစစ်သင်္ဘောတွေနဲ့ တရုတ်စစ်သင်္ဘောတွေ မောင်းနှင်ခဲ့ပြီး ရုရှားစစ်သင်္ဘောတွေက မစ်ဇိုင်းဒုံးတွေ အပါအဝင် လက်နက်တွေ ပစ်ခတ်တာ၊ ရုရှားရေတပ်သားတွေက တရုတ် မန်ဒရင်း ဘာသာစကားနဲ့ပြောဆို ဆက်သွယ်နေတဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ ရုရှား သမ္မတ Vladimir Putin တို့ ဒီနှစ်မကုန်မီ စကားပြောဆိုဖို့ ရှိတယ်လို့ ရုရှားအစိုးရပိုင် TASS သတင်းဌာနက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

တရုတျနဲ့ ရုရှား တပတျကွာ ရတေပျပူးတှဲ စဈရေးလေ့ကငြ့ျမှု ပွီးဆုံး




XS
SM
MD
LG