သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှားရေတပ်တွေ ပူးတွဲစစ်ရေး လေ့ကျင့်


ပစိဖိတ်သမုဒ္ဒရာထဲ စစ်ရေး လေ့ကျင့်နေတဲ့ တရုတ်ရေတပ်သဘောၤ။ (သြဂုတ် ၀၁၊ ၂၀၁၆)
ပစိဖိတ်သမုဒ္ဒရာထဲ စစ်ရေး လေ့ကျင့်နေတဲ့ တရုတ်ရေတပ်သဘောၤ။ (သြဂုတ် ၀၁၊ ၂၀၁၆)

ပစိဖိတ် သမုဒ္ဒရာထဲ ရုရှားနဲ့ တရုတ်ရေတပ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စလုပ်နေတယ်လို့ ရုရှားက ဒီနေ့ ကြေညာလိုက်ပါတယ်။

တရုတ်-ရုရှား သမ္မတတွေ လူကိုယ်တိုင်မတွေ့ခင် နာရီပိုင်းလေးမှာပဲ ရုရှားကာကွယ်ရေးဌာနက အခုလို ကြေညာရာမှာ ပစိဖိတ်သမုဒ္ဒရာထဲမှာရော၊ Okhotsk ပင်လယ်ပြင်မှာပါ နှစ်နိုင်ငံ စစ်သင်္ဘောတွေ ကင်းလှည့်စစ်ရေးလေ့ကျင့်နေတယ်လို့ ဆိုပါတယ်။

ယူကရိန်းမှာ ရုရှားစစ်ဆင်မှု အခက်ကြုံလာချိန်နဲ့ ဒီ ၂ နိုင်ငံနဲ့ အနောက်နိုင်ငံတွေ ပိုတင်းမာလာချိန်မှာ အင်အားပြဖု့ိလုပ်တာလို့ သုံးသပ်သူတွေပြောတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုထဲ၊ ရုရှားဘက်ကတော့ အမြှောက်တွေပါ သုံးဖို့ရှိတယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ပူးတွဲ ကင်းလှည့်စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ရေကြောင်းသွားလာရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဌာနက ဆက်ရှင်းပြခဲ့ပါတယ်။

ရုရှားဟာ ဒီလ အစောပိုင်းတုန်းကလည်း တရုတ်နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ကြည်းရေလေ တပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကြီးကို ရုရှားအရှေ့ဖျားဒေသမှာ လုပ်ခဲ့ပြီး၊ သမ္မတ ပူတင်ကိုယ်တိုင် သွားကြည့်ခဲ့ပါတယ်။

အဲ့ဒီ စစ်ရေးလေ့ကျင့်မှုထဲ စစ်လေယာဉ် ၁၄၀ နဲ့ စစ်သင်္ဘော ၆၀ အပါအဝင် စစ်လက်နက်ပစ္စည်းပေါင်း ၅,၀၀၀ ကျော်နဲ့ တပ်ဖွဲ့ဝင်ပေါင်း ၅၀,၀၀၀ ပါဝင်ခဲ့ပြီး၊ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ် ၆ လကျော်ချိန်မှာ ရုရှားက ဦးဆောင် ကျင်းပတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]

တရုတျနဲ့ ရုရှားရတေပျတှေ ပူးတှဲစဈရေး လေ့ကငြ့ျ

ပစိဖိတျ သမုဒ်ဒရာထဲ ရုရှားနဲ့ တရုတျရတေပျတှေ ပူးတှဲ စဈရေးလေ့ကငြ့ျမှု စလုပျနတေယျလို့ ရုရှားက ဒီနေ့ ကွညောလိုကျပါတယျ။






XS
SM
MD
LG