သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေက်ာက္မီးေသြး တ႐ုတ္တိုးဝယ္


ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တာေၾကာင့္ ႐ုရွားရဲ႕ထြက္ကုန္ေတြကို အေနာက္ႏိုင္ငံေတြက မဝယ္ဘဲ၊ ပစ္ပယ္ထားခ်ိန္မွာ တ႐ုတ္က ႐ုရွားရဲ႕ေက်ာက္မီးေသြးေတြကို မႏွစ္ကထက္ ၁၄% တိုးၿပီး ေလွ်ာ့ေစ်းနဲ႔ ဝယ္ယူခဲ့ပါတယ္။ ဒါဟာ ၅ ႏွစ္ေလာက္အတြင္း အျမင့္ဆုံးတင္သြင္းမႈ ျဖစ္ပါတယ္။

ဒီႏွစ္ဇြန္လမွာ ႐ုရွားဆီကေန ေက်ာက္မီးေသြးတန္ခ်ိန္ ၆ သန္းေက်ာ္အထိ တိုးျမႇင့္တင္သြင္းလာတာျဖစ္ၿပီး ၿပီးခဲ့တဲ့လတုန္းကေတာ့ တန္ခ်ိန္ ၇ သန္းခြဲေလာက္ ဝယ္ယူခဲ့တယ္လို႔ GACC တ႐ုတ္အစိုးရ အေကာက္ခြန္ဌာန စာရင္းေတြမွာ ဒီကေန႔ စေနေန႔မွာ ေဖၚျပထားတာပါ။

ၾသဂုတ္လ ၁၁ မွာ EU ဥေရာပသမဂၢရဲ႕ ႐ုရွားဆီက ေက်ာက္မီးေသြးတင္ပို႔မႈ ရပ္ဆိုင္းဖို႔ မလုပ္ခင္ကတည္းက အေနာက္ႏိုင္ငံေတြက ႐ုရွားကုန္ေတြ မဝယ္ဘဲ ေရွာင္ေနၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ုရွားက တ႐ုတ္နဲ႔ အိႏၵိယကို ေစ်းအႀကီးအက်ယ္ ေလွ်ာ့ေရာင္းလာတာ ျဖစ္ပါတယ္။

အရင္က တ႐ုတ္ကို တင္သြင္းေနက် Australia ေက်ာက္မီးေသြးက တတန္ကို ေဒၚလာ ၂၁၀ ေက်ာ္ေပးေနရခ်ိန္မွာ ႐ုရွားက ၁၅၀ ေလာက္နဲ႔ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ကုန္သည္တခ်ိဳ႕ကေတာ့ ႐ုရွားဆီက ေက်ာက္မီးေသြး ပိုဝယ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကတာျဖစ္ၿပီး ဒါဟာ ေဆာင္းရာသီမွာ တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းအတြက္ လိုအပ္တာေၾကာင့္ သိုေလွာင္ထားႏိုင္ဖို႔ ျဖစ္ပါတယ္။

တ႐ုတ္ဟာ ေက်ာက္မီးေသြးကို အင္ဒိုနီးရွားဆီကပါ ဝယ္ယူတာျဖစ္ၿပီး အင္ဒိုနီးရွားေက်ာက္မီးေသြးက ေစ်းသိပ္မႀကီးေပမယ့္ အရည္ေသြးကေတာ့ သိပ္မေကာင္းပါဘူး။ အခုအခ်ိန္မွာေတာ့ အင္ဒိုနီးရွားကေန တင္သြင္းမႈကို မႏွစ္ကထက္ ၄၀ % ေလွ်ာ့ဝယ္ခဲ့သလို Australia ဆီကေန ဇူလိုင္လထဲ လုံးဝမဝယ္ခဲ့ဘူးလို႔ အေကာက္ခြန္စာရင္းေတြမွာ ေဖၚျပထားပါတယ္။

=== Unicode ===

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကြောင့် ရုရှားရဲ့ထွက်ကုန်တွေကို အနောက်နိုင်ငံတွေက မဝယ်ဘဲ၊ ပစ်ပယ်ထားချိန်မှာ တရုတ်က ရုရှားရဲ့ကျောက်မီးသွေးတွေကို မနှစ်ကထက် ၁၄% တိုးပြီး လျှော့ဈေးနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါဟာ ၅ နှစ်လောက်အတွင်း အမြင့်ဆုံးတင်သွင်းမှု ဖြစ်ပါတယ်။

ဒီနှစ်ဇွန်လမှာ ရုရှားဆီကနေ ကျောက်မီးသွေးတန်ချိန် ၆ သန်းကျော်အထိ တိုးမြှင့်တင်သွင်းလာတာဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကတော့ တန်ချိန် ၇ သန်းခွဲလောက် ဝယ်ယူခဲ့တယ်လို့ GACC တရုတ်အစိုးရ အကောက်ခွန်ဌာန စာရင်းတွေမှာ ဒီကနေ့ စနေနေ့မှာ ဖေါ်ပြထားတာပါ။

သြဂုတ်လ ၁၁ မှာ EU ဥရောပသမဂ္ဂရဲ့ ရုရှားဆီက ကျောက်မီးသွေးတင်ပို့မှု ရပ်ဆိုင်းဖို့ မလုပ်ခင်ကတည်းက အနောက်နိုင်ငံတွေက ရုရှားကုန်တွေ မဝယ်ဘဲ ရှောင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားက တရုတ်နဲ့ အိန္ဒိယကို ဈေးအကြီးအကျယ် လျှော့ရောင်းလာတာ ဖြစ်ပါတယ်။

အရင်က တရုတ်ကို တင်သွင်းနေကျ Australia ကျောက်မီးသွေးက တတန်ကို ဒေါ်လာ ၂၁၀ ကျော်ပေးနေရချိန်မှာ ရုရှားက ၁၅၀ လောက်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တရုတ်ကုန်သည်တချို့ကတော့ ရုရှားဆီက ကျောက်မီးသွေး ပိုဝယ်နိုင်မယ်လို့ မျှော်လင့်နေကြတာဖြစ်ပြီး ဒါဟာ ဆောင်းရာသီမှာ တရုတ်နိုင်ငံ မြောက်ပိုင်းအတွက် လိုအပ်တာကြောင့် သိုလှောင်ထားနိုင်ဖို့ ဖြစ်ပါတယ်။

တရုတ်ဟာ ကျောက်မီးသွေးကို အင်ဒိုနီးရှားဆီကပါ ဝယ်ယူတာဖြစ်ပြီး အင်ဒိုနီးရှားကျောက်မီးသွေးက ဈေးသိပ်မကြီးပေမယ့် အရည်သွေးကတော့ သိပ်မကောင်းပါဘူး။ အခုအချိန်မှာတော့ အင်ဒိုနီးရှားကနေ တင်သွင်းမှုကို မနှစ်ကထက် ၄၀ % လျှော့ဝယ်ခဲ့သလို Australia ဆီကနေ ဇူလိုင်လထဲ လုံးဝမဝယ်ခဲ့ဘူးလို့ အကောက်ခွန်စာရင်းတွေမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG