သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေနတိုးမဟာမိတ္အဖဲြ႕ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မည္ 


Belgium NATO Russia Ukraine War

ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႕ NATO ရဲ႕ အခ်ိန္အေတာ္ၾကာကတည္းက စီစဥ္ထားတဲ့ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မႈကို ေရွ႕သီတင္းပတ္မွာ စတင္မယ့္အေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကေျပာပါတယ္။ 

ေနတိုးမဟာမိတ္အဖဲြ႕ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မည္

{{Zawgyi/Unicode}}
ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႕ NATO ရဲ႕ အခ်ိန္အေတာ္ၾကာကတည္းက စီစဥ္ထားတဲ့ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မႈကို ေရွ႕သီတင္းပတ္မွာ စတင္မယ့္အေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကေျပာပါတယ္။

"လုံျခံဳေဘးကင္းၿပီး ထိေရာက္မႈရွိတဲ့ ကာကြယ္ေရးအတြက္ ႏွစ္စဥ္ က်င္းပေနက် စစ္ေရးေလ့က်င့္မႈ ျဖစ္ပါတယ္။" လို႔ NATO အဖဲြ႕ အႀကီးအကဲက ကာကြယ္ေရးဝန္ႀကီး ေဆြးေႏြးပြဲမတိုင္ခင္ အဂၤါေန႔က သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

႐ုရွားပိုင္နက္ကို ကာကြယ္ဖို႔ နည္းလမ္းေပါင္းစုံ သုံးမယ့္အေၾကာင္း ေျပာဆိုထားတာဟာ အေျပာသက္သက္ မဟုတ္ေၾကာင္း ႐ုရွားသမၼတ Vladimir Putin က ေျပာဆိုထားတာေၾကာင့္ ယူကရိန္းအေရး တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္မွာပဲ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မယ့္ အစီအစဥ္ကို NATO အဖဲြ႕ အႀကီးအကဲက ေၾကညာခဲ့တာပါ။

NATO အတြင္းေရးမွဴးခ်ဳပ္ကေတာ့ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မႈ အစီအစဥ္ဟာ ယူကရိန္းကို ႐ုရွားမက်ဴးေက်ာ္ခင္ကတည္းက စီစဥ္ထားတာျဖစ္ေၾကာင္း ေျပာပါတယ္။ အခ်ိန္အေတာ္ၾကာ စီစဥ္ထားတဲ့ စစ္ေရးေလ့က်င့္မႈ အစီအစဥ္ကို ယူကရိန္းစစ္ေၾကာင့္ ဖ်က္လိုက္မယ္ဆိုရင္ မွားယြင္းတဲ့ သတင္းစကားပါးရာ ေရာက္ႏိုင္ေၾကာင္းလည္း ေျပာခဲ့တာပါ။

Steadfast Noon လို႔ အမည္ေပးထားတဲ့ ႏွစ္စဥ္စစ္ေရးေလ့က်င္မႈဟာ သီတင္းတပတ္ေလာက္ၾကာေလ့ရွိၿပီး၊ ႏ်ဴကလီးယားလက္နက္ သယ္ေဆာင္ႏိုင္တဲ့ တိုက္ေလယာဥ္ေတြ ပါ၀င္မွာျဖစ္ေပမဲ့ ဗုံးအစစ္ေတြနဲ႔ ေလ့က်င့္မွာေတာ့ မဟုတ္ပါဘူး။ ေလ့က်င့္မႈမွာ သမား႐ိုးက် တိုက္ေလယာဥ္ေတြ၊ ေထာက္လွမ္းေရးနဲ႔ ဆီျဖည့္ေလယာဥ္ေတြလည္း ပါ၀င္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

နေတိုးမဟာမိတ်အဖွဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မည်

{{Zawgyi/Unicode}}
မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO ရဲ့ အချိန်အတော်ကြာကတည်းက စီစဉ်ထားတဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို ရှေ့သီတင်းပတ်မှာ စတင်မယ့်အကြောင်း အတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောပါတယ်။

"လုံခြုံဘေးကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ရေးအတွက် နှစ်စဉ် ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။" လို့ NATO အဖွဲ့ အကြီးအကဲက ကာကွယ်ရေးဝန်ကြီး ဆွေးနွေးပွဲမတိုင်ခင် အင်္ဂါနေ့က သတင်းထောက်တွေကို ပြောလိုက်တာပါ။

ရုရှားပိုင်နက်ကို ကာကွယ်ဖို့ နည်းလမ်းပေါင်းစုံ သုံးမယ့်အကြောင်း ပြောဆိုထားတာဟာ အပြောသက်သက် မဟုတ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောဆိုထားတာကြောင့် ယူကရိန်းအရေး တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ နျူကလီးယား စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို NATO အဖွဲ့ အကြီးအကဲက ကြေညာခဲ့တာပါ။

NATO အတွင်းရေးမှူးချုပ်ကတော့ နျူကလီးယား စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ ယူကရိန်းကို ရုရှားမကျူးကျော်ခင်ကတည်းက စီစဉ်ထားတာဖြစ်ကြောင်း ပြောပါတယ်။ အချိန်အတော်ကြာ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ယူကရိန်းစစ်ကြောင့် ဖျက်လိုက်မယ်ဆိုရင် မှားယွင်းတဲ့ သတင်းစကားပါးရာ ရောက်နိုင်ကြောင်းလည်း ပြောခဲ့တာပါ။

Steadfast Noon လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင်မှုဟာ သီတင်းတပတ်လောက်ကြာလေ့ရှိပြီး၊ နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ တိုက်လေယာဉ်တွေ ပါဝင်မှာဖြစ်ပေမဲ့ ဗုံးအစစ်တွေနဲ့ လေ့ကျင့်မှာတော့ မဟုတ်ပါဘူး။ လေ့ကျင့်မှုမှာ သမားရိုးကျ တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေးနဲ့ ဆီဖြည့်လေယာဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG