သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလ်တစ်ပင်လယ် ဓာတ်ငေ့ွပိုက်လိုင်းဖောက်ခွဲမှု NATO လက်တုံ့ပြန်မည်


Tuberías del gasoducto Nord Stream 1 en Lubmin, Alemania, el 8 de marzo de 2022.
Tuberías del gasoducto Nord Stream 1 en Lubmin, Alemania, el 8 de marzo de 2022.

[[ ZAWGYI / UNICODE ]]

ဘောလ်တစ်ပင်လယ် ဓာတ်ငေ့ွပိုက်လိုင်းဖောက်ခွဲမှု NATO လက်တုံ့ပြန်မည်

ရုရှားကနေ ဂျာမနီကို သဘာဝဓါတ်ငွေ့ပို့ပေးနေတဲ့ Baltic ပင်လယ်ထဲက Nord Stream ပိုက်လိုင်း ၂ လိုင်း ကွဲအက်မှုဟာ တမင်အဖျက်ဆီးခံရတာ ဖြစ်ကြောင်း အထောက်ထားခိုင်မာတဲ့အတွက် လက်တုန့်ပြန်မှာ ဖြစ်ကြောင်း NATO မဟာမိတ်အဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။

မဟာမိတ်တွေရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံကို တမင်သက်သက် တိုက်ခိုက်လာရင် ညီညီညွတ်ညွတ်နဲ့ သံန္နိဋ္ဌာန်ချ တုန့်ပြန်မှုကို ခံရမှာ ဖြစ်ကြောင်း NATO စစ်မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံအမတ်တွေက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဒီပိုက်လိုင်းတွေမှာ တွေ့ရတဲ့ အက်ကွဲတဲ့ နေရာ ၄ နေရာ ဟာ အထူးစိုးရိမ်ရတယ်လို့ ပြောပါတယ်။

ပိုက်လိုင်းတွေ ပျက်စီးရတာဟာ ဘယ်သူ့လက်ချက်လို့ NATO က ထုတ်မပြောပေမယ့် လက်ရှိရထားတဲ့ သတင်းအချက်အလက် တွေအရ ဒါဟာ တမင်သက်သက် ဖျက်ဆီးတဲ့ လုပ်ရပ်ဆိုတာ ပြနေတယ်လို့ ပြောပါတယ်။ အခုတွေ့ရတဲ့ ကွဲအက်နေတဲ့ နေရာတွေက ဓါတ်ငွေ့တင်ပို့မှုကို အန္တရာယ် ဖြစ်စေနိုင်သလို ပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ပျက်စီးမှုနဲ့ လည်းကြုံရနိုင်တယ်လို့ ပြောပါတယ်။

ဒီ Nord Stream ပိုက်လိုင်းတွေ အက်ကွဲရတာဟာ အကြမ်းဖက်အတိုက်ခိုက်ခံရတဲ့ ပုံစံနဲ့တူသလို ဒီလုပ်ရပ်ဟာ နိုင်ငံတော်အဆင့်က ပါဝင်ပတ်သက်မှု မရှိရင် လုံးဝမဖြစ်နိုင်ဘူးလို့ ကြာသပတေးနေ့မှာ ရုရှားအစိုးရ ပြောခွင့်ရ Demitry Peskov က ပြောသလို ရုရှားသမ္မတ Vladimir Putin ကလည်း ဒါဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒစွဲ လက်ချက်ဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan ကို ပြောကြားခဲ့တာပါ။

ဥရောပအရာရှိတချို့နဲ့ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတချို့ ကတော့ ဒီတိုက်ခိုက်မှုကို ရုရှားက လုပ်ဆောင်တာ ဖြစ်နိုင်ပြီး ဒါဟာ ရုရှားရဲ့ ၇ လကြာ အတိုက်ခိုက်ခံနေရတဲ့ ယူကရိန်းကို ပံ့ပိုးပေးနေတဲ့ ဥရောပနိုင်ငံတွေမှာ ရေနံဈေးပိုတက်ပြီး စီးပွါးရေး ပိုပြီး ကမောက်ကမ ဖြစ်လာစေဖို့ လုပ်တာ ဖြစ်ကြောင်း ပြောပါတယ်။ တချို့ကတော့ အကြောင်းရင်းမှန်ကို အသေချာ သိအောင် စုံစမ်းဖို့ တိုက်တွန်းကြပါတယ်။

ဘောလ်တစ်ပင်လယ် ဓာတ်ငေ့ွပိုက်လိုင်းဖောက်ခွဲမှု NATO လက်တုံ့ပြန်မည်
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}







XS
SM
MD
LG