ကန္လႊတ္ေတာ္ဥကၠ႒ သြားမယ့္သတင္းထြက္ေနတဲ့ ထိုင္ဝမ္ကၽြန္းအနီး တ႐ုတ္စစ္ေရးေလ့က်င့္
{{Zawgyi/Unicode}}
ထိုင္ဝမ္ကြ်န္းနဲ႔ တဖက္ျခမ္း ကမ္းလြန္ေဒသမွာ စစ္ေရးေလ့က်င့္မႈေတြ စတင္လိုက္ေၾကာင္း တ႐ုတ္အစိုးရက ေၾကညာလိုက္ပါတယ္။ ကမ္းေျခမွာ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ေနတယ္လို႔ တရုတ္အစိုးရက ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံက သူ႔လက္ေအာက္ခံအျဖစ္ ေျပာဆိုထားတဲ့ ထိုင္၀မ္ကၽြန္းကို အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi သြားေရာက္ႏိုင္ေျခ ရွိေနတာေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္ၾကား တင္းမာေနခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံက အင္အားျပတဲ့ စစ္ေရးေလ့က်င့္မႈ အစီအစဥ္ကို ေၾကညာလိုက္တာပါ။
တ႐ုတ္ႏိုင္ငံ Fujian ျပည္နယ္ ကမ္းလြန္ေဒသက Pingtan ကြ်န္းစုေတြအနီး က်ည္အစစ္ေတြနဲ႔ စစ္ေရးေလ့က်င့္ေနေၾကာင္း ႏိုင္ငံပိုင္ ဆင္ဟြင္သတင္းက ေဖာ္ျပပါတယ္။ စစ္ေရးေလ့က်င့္ေနတဲ့ နယ္ေျမမွာ သေဘၤာေတြ ျဖတ္သန္းသြားလာတာေတြ မလုပ္ၾကဖို႔လည္း သတိေပးထားပါတယ္။
အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠဌ Pelosi ထိုင္ဝမ္ကြ်န္းကိုသြားမယ့္ သတင္းနဲ႔ ပတ္သက္လို႔ တရား၀င္ အတည္မျပဳေသးေပမဲ့ ၾကာသပေတးေန႔က အေမရိကန္သမၼတ Joe Biden နဲ႔ ဆက္သြယ္စကားေျပာရာမွာ ထိုင္၀မ္ကၽြန္းအေရး ျပည္ပက စြက္ဖက္မႈေတြကို လက္မခံေၾကာင္း တရုတ္ သမၼတ Xi Jinping ကသတိေပးထားပါတယ္။
ထိုင္၀မ္ကၽြန္းဟာ ႏိုင္ငံျခားဆက္ဆံေရး လုပ္ငန္းေတြ လုပ္ပိုင္ခြင့္ မရွိေၾကာင္းလည္း တ႐ုတ္ႏိုင္ငံက ေျပာဆိုထားပါတယ္။
...................................................
ကန်လွှတ်တော်ဥက္ကဋ္ဌ သွားမယ့်သတင်းထွက်နေတဲ့ ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်ရေးလေ့ကျင့်
{{Zawgyi/Unicode}}
ထိုင်ဝမ်ကျွန်းနဲ့ တဖက်ခြမ်း ကမ်းလွန်ဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။ ကမ်းခြေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
တရုတ်နိုင်ငံက သူ့လက်အောက်ခံအဖြစ် ပြောဆိုထားတဲ့ ထိုင်ဝမ်ကျွန်းကို အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi သွားရောက်နိုင်ခြေ ရှိနေတာကြောင့် အမေရိကန်နဲ့ တရုတ်ကြား တင်းမာနေချိန်မှာပဲ တရုတ်နိုင်ငံက အင်အားပြတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ကြေညာလိုက်တာပါ။
တရုတ်နိုင်ငံ Fujian ပြည်နယ် ကမ်းလွန်ဒေသက Pingtan ကျွန်းစုတွေအနီး ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေကြောင်း နိုင်ငံပိုင် ဆင်ဟွင်သတင်းက ဖော်ပြပါတယ်။ စစ်ရေးလေ့ကျင့်နေတဲ့ နယ်မြေမှာ သင်္ဘောတွေ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Pelosi ထိုင်ဝမ်ကျွန်းကိုသွားမယ့် သတင်းနဲ့ ပတ်သက်လို့ တရားဝင် အတည်မပြုသေးပေမဲ့ ကြာသပတေးနေ့က အမေရိကန်သမ္မတ Joe Biden နဲ့ ဆက်သွယ်စကားပြောရာမှာ ထိုင်ဝမ်ကျွန်းအရေး ပြည်ပက စွက်ဖက်မှုတွေကို လက်မခံကြောင်း တရုတ် သမ္မတ Xi Jinping ကသတိပေးထားပါတယ်။
ထိုင်ဝမ်ကျွန်းဟာ နိုင်ငံခြားဆက်ဆံရေး လုပ်ငန်းတွေ လုပ်ပိုင်ခွင့် မရှိကြောင်းလည်း တရုတ်နိုင်ငံက ပြောဆိုထားပါတယ်။