သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေး ထိုင်ဝမ်ရေကြောင်း စစ်ရေးလေ့ကျင့်မှု


Crew members of the Taiwan Coast Guard salute after an offshore anti-terrorism drill outside the Kaohsiung harbor in Kaohsiung, southwestern Taiwan, June 10, 2023.
Crew members of the Taiwan Coast Guard salute after an offshore anti-terrorism drill outside the Kaohsiung harbor in Kaohsiung, southwestern Taiwan, June 10, 2023.


ထိုင်ဝမ် ကမ်းခြေစောင့်တပ်တွေရဲ့ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေကို ဒီကနေ့ကျရောက်တဲ့ ထိုင်ဝမ် အမျိုးသား သမုဒ္ဒရာနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေထဲက တခုကတော့ ထိုင်ဝမ်တောင်ပိုင်းမြို့ကြီး Kaohsiung မှာ အကြမ်းဖက်အသွင်ယူပြီး သင်္ဘောအပိုင်စီးထားသူတွေကို ထိုင်ဝမ် အကြမ်းဖက်တိုက်ဖျက်ရေး ရေကြောင်း၊ လေကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက နှိမ်နင်းတဲ့ပုံစံ စစ်ရေးလေ့ကျင့်ခဲ့ကြတာပါ။

အဲ့ဒီနောက် ထိုင်ဝမ်သမ္မတ Tsai Ing-wen က အမျိုးသားသမုဒ္ဒရာနေ့ အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းပြောရာမှာ၊ ကမာ္ဘမြေကြီး တည်တံ့ဖို့ သမုဒ္ဒရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးတဲ့အကြောင်း Planet Ocean, Becoming Mainstream ဆိုတဲ့ ဒီနှစ် ဆောင်ပုဒ်နဲ့ ကြိုးပမ်းသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီဆောင်ပုဒ်က ကုလသမဂ္ဂရဲ့ ဒီနှစ် ကမာ္ဘ့သမုဒ္ဒရာနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ကမာ္ဘ့သမုဒ္ဒရာတွေရဲ့ ပြောင်းလဲနေတဲ့ ဒီရေလှိုင်း - Planet Ocean, Tides Are Changing” ဆောင်ပုဒ်နဲ့လည်း ပဲ့တင်ထပ်တဲ့အကြောင်းနဲ့ ကမာ္ဘ့သမုဒ္ဒရာကြီးတွေကို အားလုံးပူးပေါင်း စောင့်ရှောက်ပေးကြဖို့ တာဝန်ရှိတယ်လို့လည်း သမ္မတ Tsai က ပြောပါတယ်။

တချိန်တည်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးအရ ထိုင်ဝမ်ကျွန်းအနေနဲ့ နည်းပညာသစ်တွေ သုံးပြီး ကယ်ဆယ်ရေးနဲ့ ကာကွယ်ရေးစွမ်းအင် တိုးမြှင့်သွားမယ့် အကြောင်းနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာဟာ ထိုင်ဝမ်ရဲ့ အင်အား တိုးမြှင့်နိုင်မှုအပေါ် အဓိက မူတည်နေတယ်လို့လည်း သမ္မတ Tsai က ပြောပါတယ်။

ဒီမိုကရေစီ အုပ်ချုပ်မှုအောက်က ထိုင်ဝမ်ကျွန်းကို တရုတ်ကတော့ သူ့ရဲ့ ခွဲထွက်နယ်မြေအဖြစ် သတ်မှတ်ပြီး၊ စစ်ရေး ခြိမ်းခြောက်မှုတွေ ပိုမို လုပ်လာနေချိန်မှာ သမ္မတ Tsai က အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG