သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ပိတ်ဆို့ရင် တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ တရုတ်ကို ကန်သတိပေး 


ကာကွယ်ရေးဌာနရဲ့ အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် Ely Ratner
ကာကွယ်ရေးဌာနရဲ့ အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် Ely Ratner

ထိုင်ဝမ်ကို ပိတ်ဆို့ဟန့်တားမယ့် တရုတ်နိုင်ငံရဲ့ကြိုးပမ်းမှုမှန်သမျှဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရမှာဖြစ်ကြောင်း ကာကွယ်ရေးဌာနရဲ့ အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် Ely Ratner က ကြာသပတေးနေ့မှာ ပြောပါတယ်။

“တရုတ်အနေနဲ့ တန်ဖိုးကြီးကြီး ပြန်လည် ပေးဆပ်ရမှာဖြစ်သလို အန္တရာယ်ကလည်း အလွန့် အလွန်ကို များပါတယ်” လို့ Ely Ratner က ဝါရှင်တန်က ဆွေးနွေးပွဲတခုမှာ ပြောလိုက်တာပါ။ ထိုင်ဝမ်ကို အင်အားသုံးသိမ်းယူနိုင်ဖို့ကြိုးပမ်းချက်အနေနဲ့ ကျွန်းကို ဝန်းရံပိတ်ဆို့မလားဆိုတဲ့ တရုတ်ရဲ့ဆန္ဒကို အမေရိကန်က သံသယရှိနေတာပါ။

ဧပြီလတုန်းက တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုအများအပြားကို နောက်ဆုံး ပြုလုပ်ထားပြီး ဒါက ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ဖို့ လေ့ကျင့်ပြင်ဆင်တာလို့ တရုတ် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ် ဒီလို ထိုင်ဝမ်ကို ပိတ်ဆို့အရေးယူမှုစတင်ခဲ့ရင် မိနစ်ပိုင်းအတွင်းမှာပဲ ကမ္ဘာ့စီးပွားရေး ဇောက်ထိုး ကျဆင်းသွားမှာပြီး တရုတ်ကြောင့်ဖြစ်လာတဲ့ စီးပွားရေးအကျပ်အတည်းဒဏ်ကို နိုင်ငံတိုင်းခံရမှာ ဖြစ်ကြောင်း လက်ထောက် အတွင်းဝန် Ratner က ပြောပါတယ်။ ဆိုးရွားတဲ့ စီးပွားရေး သက်ရောက်မှုကြောင့် နိုင်ငံတကာ အသိုင်းအဝန်က ထိုင်ဝမ်ကိုထောက်ခံကာ တရုတ်အပေါ် ဆန့်ကျင်ကြမှာ ဖြစ်တယ်လို့ Ratner က ပြောပါတယ်။

တရုတ်အနေနဲ့ စစ်ရေး အားသာပေမယ့် ထိုင်ဝမ်ကျွန်းကို လုံးလုံးလျားလျား ဝန်းရံနိုင်ဖို့မဖြစ်နိုင်လို့ ထိုင်ဝမ်ဟာ ဆက်လက်ရပ်တည်ဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေ၊ အစားအသောက်နဲ့ စွမ်းအင်တွေရနိုင်မယ့် လမ်းကြောင်းတွေ ပွင့်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကိုပါ ပိတ်ဆို့ဖို့ ဆိုရင် ကုန်တင် သင်္ဘောတွေကို တရုတ်က တိုက်ရမှာဖြစ်လို့ အန္တရာယ်က အရမ်းများတယ်။” လို့လည်း ပင်တဂွန် စစ်ဌာနချုပ် ထိပ်တန်းအရာရှိ Ratner က သတိပေးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG