သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်စစ်ရေးလေ့ကျင့်မယ့်အချိန် တရုတ်စစ်လေယာဉ်တွေ နယ်စပ်မှာ အင်အားပြ


ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှု၊ ဇူလိုင် ၃၊ ၂၀၂၃
ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှု၊ ဇူလိုင် ၃၊ ၂၀၂၃

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဦးတည်ပြီး ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲလေယာဥ်တွေကို စေလွှတ်ခဲ့တယ် လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ လေယာဥ် ၃၇ စီးနဲ့ စစ်သင်္ဘော ၇ စီးကို သောကြာနေ့မနက် ၆ နာရီကနေစနေနေ့ မနက် ၆ နာရီအထိ ထိုင်ဝမ်ကျွန်းဝန်းကျင် ကိုတရုတ်ကစေလွှတ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ စစ်တပ်ကပြောပါတယ်။ ဒီအထဲက လေယာဥ် ၂၂ စီးဟာ ထိုင်ဝမ်ရေလက်ကြား ရဲ့ အလယ်မျဥ်းကြောင်းကို ဖြတ်သန်းခဲ့ကြတယ်လို့ ထိုင်ဝမ်ကပြောပါတယ်။ ဒီအလယ်မျဥ်းကြောင်းဟာ တရားမဝင်နယ်ခြားစည်းလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ကလာမယ့်အပတ်မှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ ပြင်ဆင်နေချိန်မှာတရုတ်က ခုလိုလုပ်လိုက်တာ လည်းဖြစ်ပါတယ်။ ကျူးကျော်လာတာတွေကို ကာကွယ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ကို လာမယ့်အပတ်မှာ စစ်တပ်က လေ့ကျင့်ဖို့ရှိပါတယ်။ အလားတူပဲ လေကြောင်းက တိုက်ခိုက်ခဲ့သည်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကြုံရသည်ဖြစ်စေ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေက လေ့ကျင့်ကြဖို့ လည်းရှိပါတယ်။ ဒီလို လေ့ကျင့်တာတွေက နှစ်စဥ်ဆောင်ရွက်နေကျဖြစ်ပါတယ်။

၁၉၄၉ မှာ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက် ကွန်မင်တန်ပါတီနဲ့ သူ့နောက်လိုက်တွေ ဟာ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးခဲ့ကြရာက တရုတ်နဲ့ ထိုင်ဝမ်ရယ်လို့ ကွဲပြားသွားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီက တည်းကထိုင်ဝမ်ဟာ တရုတ် ကွန်မြူနစ်ပါတီ အစိုးရလက်အောက်မှာ မရှိခဲ့ပေမဲ့ ထိုင်ဝမ်ကို သူ့ရဲ့ အချုပ် အခြာအာဏာ နယ်မြေအဖြစ် တရုတ်ကသဘောထားခဲ့ပါတယ်။

မကြာမီကပေါ်ပေါက်ခဲ့တဲ့ ထိုင်ဝမ်ကျွန်းနိုင်ငံရေးလှုပ်ရှားမှုတွေဟာ သူ့ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ တရုတ်တို့ယူဆပြီး တရုတ်က ခုလိုမျိုးစစ်ရေးလှုပ်ရှားမှုတွေကိုလုပ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG