သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ေလထီးတပ္ အေမရိကန္၊ ၿဗိတိန္၊ ၾသစေၾတးလ်တပ္ဖြဲ႕ဝင္ေတြနဲ႔ စစ္ေရးေလ့က်င့္


ဂ်ပန္ေလထီးတပ္ဟာ အေမရိကန္၊ ၿဗိတိန္၊ ၾသစေၾတးလ်ႏိုင္ငံတို႔က စစ္တပ္ေတြနဲ႔ ဒီကေန႔ ဇန္နဝါရီ ၈ ရက္ေန႔မွာ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံက တခုတည္းေသာ ေလထီးခုန္ တိုက္ခိုက္ေရးတပ္ျဖစ္တဲ့ တပ္မဟာ ၁ က တပ္ဖြဲ႔ဝင္ ၁,၀၀၀ ေလာက္ဟာ ႏွစ္စဥ္ ဇန္နဝါရီလအတြင္း က်င္းပေလ့႐ွိတဲ့ ေလထီးခုန္ စစ္ေရးေလ့က်င့္မႈမွာ ပါဝင္ခဲ့ၾကတာပါ။

အေမရိကန္ေျခလ်င္တပ္သား ၇၀ အျပင္၊ ၾသစေၾတးလ်နဲ႔ ၿဗိတိန္တို႔က ေျခလ်င္တပ္သား ၃၀ စီလည္း ပထမဆုံးအႀကိမ္အျဖစ္ ပစၥည္းသယ္ယူ ပို႔ေဆာင္ေရး ေလယာဥ္ေပၚကေန ခုန္ခ်တဲ့ စစ္ေရးေလ့က်င့္မႈမွာ ပါဝင္ခဲ့ၾကပါတယ္။

အခုတႀကိမ္ စစ္ေရးေလ့က်င့္မႈမွာ အေမရိကန္အျပင္၊ ၿဗိတိန္နဲ႔ ၾသစေၾတးလ်တို႔ပါ ပါလာတဲ့အတြက္ မဟာမိတ္ေတြအၾကား အားေကာင္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို ရ႐ွိေစမွာျဖစ္ၿပီး ဂ်ပန္ေလထီးတပ္အေနနဲ႔ အခုလို စစ္ေရးေလ့က်င့္မႈေတြ ထပ္မံလုပ္ေဆာင္ၿပီး လူထုက ယုံၾကည္ အားကိုးရတဲ့ တပ္မေတာ္ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီး Yasukazu Hamada က စစ္ေရးေလ့က်င့္မႈနဲ႔ဆိုင္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ က်င္းပတဲ့ စစ္ေရးေလ့က်င့္မႈမွာ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္တဲ့ C-130 အမ်ိဳးအစား ေလယာဥ္နဲ႔ CH-47JA အမ်ိဳးအစား ပို႔ေဆာင္ေရး ရဟတ္ယာဥ္တို႔အျပင္ ဂ်ပန္ႏိုင္ငံထုတ္ ေျမျပင္ကေန သေဘၤာကိုပစ္တဲ့ ဒုံးက်ည္ေတြ အပါအဝင္ ဒါဇင္နဲ႔ခ်ီတဲ့ စစ္သုံး ေမာ္ေတာ္ယာဥ္ေတြပါ ပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။

====== Unicode =====

ဂျပန်လေထီးတပ်ဟာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့က စစ်တပ်တွေနဲ့ ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက တခုတည်းသော လေထီးခုန် တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ တပ်မဟာ ၁ က တပ်ဖွဲ့ဝင် ၁,၀၀၀ လောက်ဟာ နှစ်စဉ် ဇန်နဝါရီလအတွင်း ကျင်းပလေ့ရှိတဲ့ လေထီးခုန် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြတာပါ။

အမေရိကန်ခြေလျင်တပ်သား ၇၀ အပြင်၊ သြစတြေးလျနဲ့ ဗြိတိန်တို့က ခြေလျင်တပ်သား ၃၀ စီလည်း ပထမဆုံးအကြိမ်အဖြစ် ပစ္စည်းသယ်ယူ ပို့ဆောင်ရေး လေယာဉ်ပေါ်ကနေ ခုန်ချတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြပါတယ်။

အခုတကြိမ် စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်အပြင်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ပါ ပါလာတဲ့အတွက် မဟာမိတ်တွေအကြား အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေမှာဖြစ်ပြီး ဂျပန်လေထီးတပ်အနေနဲ့ အခုလို စစ်ရေးလေ့ကျင့်မှုတွေ ထပ်မံလုပ်ဆောင်ပြီး လူထုက ယုံကြည် အားကိုးရတဲ့ တပ်မတော်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး Yasukazu Hamada က စစ်ရေးလေ့ကျင့်မှုနဲ့ဆိုင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ C-130 အမျိုးအစား လေယာဉ်နဲ့ CH-47JA အမျိုးအစား ပို့ဆောင်ရေး ရဟတ်ယာဉ်တို့အပြင် ဂျပန်နိုင်ငံထုတ် မြေပြင်ကနေ သင်္ဘောကိုပစ်တဲ့ ဒုံးကျည်တွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ စစ်သုံး မော်တော်ယာဉ်တွေပါ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG