သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္-အိႏၵိယ ေလေၾကာင္း ပူးတြဲ စစ္ေရးေလ့က်င့္


အိႏိၵယေလတပ္က တိုက္ေလယာဥ္ေတြ ဂ်ပန္ ဟီရာကူရီေလတပ္စခန္းကို ဆိုက္ေရာက္ျခင္းႀကိဳဆိုပြဲအခမ္းအနား (ဇန္နဝါရီ ၁၀၊ ၂၀၂၃)

တ႐ုတ္ႏိုင္ငံက စစ္ေရးအင္အား ႀကီးထြားလာေနတာေၾကာင့္ ကာကြယ္ေရးနဲ႔ လုံျခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမင့္ေဆာင္ရြက္ႏိုင္ေရးအတြက္ ရည္ရြယ္ၿပီး ဂ်ပန္နဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ ဒီကေန႔ တိုက်ဳိၿမိဳ႕အနီးမွာ တိုက္ေလယာဥ္ေတြနဲ႔ ပူးတြဲ စစ္ေရးေလ့က်င္ခဲ့ၾကပါတယ္။

၁၁ ရက္ၾကာမယ့္ ဒီပူးတြဲေလေၾကာင္း စစ္ေရးေလ့က်င့္မႈမွာ ဂ်ပန္က တိုက္ေလယာဥ္ ၈ စင္း၊ အိႏၵိယက တိုက္ေလယာဥ္ ၄ စင္းတို႔အျပင္ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ ၂ စင္းနဲ႔ ေလယာဥ္ပ်ံသန္းေနတုန္း ဆီျဖည့္ႏိုင္တဲ့ ဆီျဖည့္ေလယာဥ္တစင္းတို႔ ပါ၀င္တယ္လို႔ ဂ်ပန္ကာကြယ္ေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

တိုက်ဳိၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ အီဘာရာကီ (Ibaraki) ခ႐ိုင္အတြင္းမွာရွိတဲ့ ဟီရာကူရီ (Hyakuri) ေလတပ္အေျခစိုက္စခန္းမွာ ျပဳလုပ္တဲ့ ဒီ ေလေၾကာင္း စစ္ေရးေလ့က်င့္မႈမွာ အိႏၵိယေလတပ္က တပ္ဖြဲ႔၀င္ ၁၅၀ ပါ၀င္ ေလ့က်င့္ေနတာ ျဖစ္ပါတယ္။ အခုလို ႏွစ္ႏိုင္ငံ ပူးတြဲ ေလေၾကာင္း စစ္ေရးေလ့က်င့္ဖို႔အတြက္ ႏွစ္ဘက္ ကာကြယ္ေရးနဲ႔ ႏိုင္ငံျခားေရး၀န္ႀကီးေတြ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ သေဘာတူထားခဲ့ၾကတာျဖစ္ေပမယ့္ ကိုဗစ္ ကပ္ေရာဂါျဖစ္ခဲ့တာေၾကာင့္ ေႏွာင့္ေႏွး ၾကန္႔ၾကာေနခဲ့တာပါ။

ဂ်ပန္နဲ႔ အိႏၵိယတို႔ဟာ အေမရိကန္၊ ၾသစေၾတးလ်တို႔နဲ႔အတူ Quad လို႔ေခၚတဲ့ ၄ ႏိုင္ငံ လုံျခံဳေရး ပူးေပါင္းေဆာင္ရြက္ေရး မဟာမိတ္အဖြဲ႔၀င္ႏိုင္ငံေတြျဖစ္ၾကၿပီး ဒီႏိုင္ငံေတြက တ႐ုတ္ႏိုင္ငံဟာ စစ္ေရးနဲ႔ စီးပြားေရးအရ ၾသဇာႀကီးထြားလာေနတဲ့အေပၚ စိုးရိမ္ေနၾကတဲ့ ႏိုင္ငံေတြလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂျပန်-အိန္ဒိယ လေကြောင်း ပူးတွဲ စစ်ရေးလေ့ကျင့်

တရုတ်နိုင်ငံက စစ်ရေးအင်အား ကြီးထွားလာနေတာကြောင့် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဒီကနေ့ တိုကျိုမြို့အနီးမှာ တိုက်လေယာဉ်တွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင်ခဲ့ကြပါတယ်။

၁၁ ရက်ကြာမယ့် ဒီပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်က တိုက်လေယာဉ် ၈ စင်း၊ အိန္ဒိယက တိုက်လေယာဉ် ၄ စင်းတို့အပြင် သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်းနဲ့ လေယာဉ်ပျံသန်းနေတုန်း ဆီဖြည့်နိုင်တဲ့ ဆီဖြည့်လေယာဉ်တစင်းတို့ ပါဝင်တယ်လို့ ဂျပန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုကျိုမြို့ရဲ့ အရှေ့မြောက်ဘက် အီဘာရာကီ (Ibaraki) ခရိုင်အတွင်းမှာရှိတဲ့ ဟီရာကူရီ (Hyakuri) လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ ဒီ လေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယလေတပ်က တပ်ဖွဲ့ဝင် ၁၅၀ ပါဝင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။ အခုလို နှစ်နိုင်ငံ ပူးတွဲ လေကြောင်း စစ်ရေးလေ့ကျင့်ဖို့အတွက် နှစ်ဘက် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ သဘောတူထားခဲ့ကြတာဖြစ်ပေမယ့် ကိုဗစ် ကပ်ရောဂါဖြစ်ခဲ့တာကြောင့် နှောင့်နှေး ကြန့်ကြာနေခဲ့တာပါ။

ဂျပန်နဲ့ အိန္ဒိယတို့ဟာ အမေရိကန်၊ သြစတြေးလျတို့နဲ့အတူ Quad လို့ခေါ်တဲ့ ၄ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပြီး ဒီနိုင်ငံတွေက တရုတ်နိုင်ငံဟာ စစ်ရေးနဲ့ စီးပွားရေးအရ သြဇာကြီးထွားလာနေတဲ့အပေါ် စိုးရိမ်နေကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

XS
SM
MD
LG