သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံရဲ့လုံခြုံရေး မဟာဗျူဟာသစ်ကို မြောက်ကိုရီးယားရှုတ်ချ


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း

[[Zawgyi/Unicode]]

ဂျပန်နိုင်ငံရဲ့လုံခြုံရေးမဟာဗျူဟာအသစ်ကို မြောက်ကိုရီးယားက အင်္ဂါနေ့မှာ လူသိရှင်ကြား ရှုတ်ချလိုက်ပါတယ်။ ဒီ မဟာဗျူဟာအသစ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာဖြစ်ပြီး ဒေသတွင်းလုံခြုံရေးပတ်ဝန်းကျင်ကို အခြေခံကျကျ ပြောင်းလဲတာဖြစ်တာမို့ လက်တွေ့ကျကျ တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

တရုတ်နဲ့ နျူကလီယားလက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားတို့ရဲ့ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်တဲ့ တန်ပြန်တိုက်ခိုက်ရေးအပါအဝင် နောက် ၅ နှစ်အတွင်းမှာ သူ့ရဲ့ကာကွယ်ရေးစွမ်းရည်ကို အရေးပါပါတိုးချဲ့မယ့်စီမံကိန်းတွေကို ဂျပန်က ပြီးခဲ့တဲ့အပတ်မှာ ချပြခဲ့ပါတယ်။

“ဂျပန်ဟာ မဟာဗျူဟာအသစ်ကို ချမှတ်လိုက်ခြင်းအားဖြင့် လုံခြုံရေး အကျပ်အတည်းဖြစ်အောင် ဖန်တီးလိုက်တာ ဖြစ်တယ်။ ဒီ ဗျူဟာအရ ဂျပန်ဟာ တခြားတိုင်းပြည်တွေကို လက်ဦးမှုရှိရှိ တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရရှိအောင် ထိထိရောက်ရောက် တရားဝင်လုပ်လိုက်တာ ဖြစ်တယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ မှားယွင်းပြီး အလွန့်ကို အန္တရာယ်များလှတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ရုရှားနိုင်ငံက အာရှမှာ စစ်ရေးအရ အနေအထားတရပ် ယူလာတာ၊ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လာတာတွေဟာ လုံခြုံရေးအရ အလွန့်ကို စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ဂျပန် ရဲ့ မဟာဗျူဟာ စာတမ်းကဆိုပါတယ်။

အမေရိကန်နဲ့ စစ်ရေး မဟာမိတ်ဖွဲ့ရာမှာ ဂျပန်ရဲ့ဗျူဟာအသစ်က ခိုင်မာ ခေတ်မီစေလိမ့်မယ်လို့ အိမ်ဖြူတော်ကတော့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]





XS
SM
MD
LG