သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒရုန်းစစ်ဆင်ရေး ယူကရိန်းတန်ပြန်ပစ်ချ


စနေနေ့ နိုဝင်ဘာ ၂၅ က Kyiv မြို့က မူလတန်းကျောင်းကို ရုရှားပစ်လွှတ်တဲ့ ဒရုန်းထိမှန်ပျက်စီးနေပုံ။ (အေပီ)
စနေနေ့ နိုဝင်ဘာ ၂၅ က Kyiv မြို့က မူလတန်းကျောင်းကို ရုရှားပစ်လွှတ်တဲ့ ဒရုန်းထိမှန်ပျက်စီးနေပုံ။ (အေပီ)

ရုရှားဘက်က ညလုံးပေါက် အဝေးထိန်းဒရုန်းနဲ့တိုက်ခိုက်မှု ၉ စင်းမှာ ၈ စင်းကို ယူကရိန်းစစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းလေတပ်က တနင်္ဂနွေနေ့က ပြောပါတယ်။ ဒရုန်း ၉စင်းမှာ ကျန်တစင်းက ဘယ်ကိုထိမှန်သလဲဆိုတာနဲ့ အပျက်အစီးရှိမရှိကိုတော့ မသိရပါဘူး။

ဒီမတိုင်ခင်တရက်ကတော့ ရုရှားဟာ စစ်ပွဲကာလအတွင်း အကြီးကျယ်ဆုံး ဒရုန်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ယူကရိန်းကျူးကျော်စစ်စပြီးကတည်းကဆိုရင် ရုရှားက ယူကရိန်းအပေါ် အကြီးမားဆုံးဒရုန်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့စနေနေ့က လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ၆ နာရီကြာ ရုရှားရဲ့ ဒရုန်းစစ်ဆင်ရေးမှာ အီရန်လုပ် Shahed ဒရုန်း ၇၅ စင်းမှာ ၇၄ စင်ကို ဖျက်ချနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။ ဒရုန်းစစ်ဆင်ရေးဟာ မြို့တော် Kyiv ကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးအပါအဝင် လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Kyiv မြို့တော်ဝန်က တယ်လီဂရမ် လူမှုကွန်ယက်မှာရေးပါတယ်။ ၆၆ စင်းမြောက်ဒရုန်းဟာ မြို့တော် Kyiv ကိုကျခဲ့တာလို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ထိခိုက်မှုကြောင့် လူ (၁၇,၀၀၀) လျှပ်စစ် ပြတ်တောက်သွားခဲ့ရတယ်လို့ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရန်းဘက်က ပစ်လိုက်တဲ့ ဒရုန်း ၂၄ စင်းထက်မနည်းနဲ့ မြေပြင်ကနေ ဝေဟင်ပစ် S-200 ဒုံးကျည်နှစ်စင်းကို ဖျက်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဌာနကလည်း တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG