သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း-ရုရှား အပြန်အလှန် တိုက်ခိုက်မှု အရှိန်မြှင့်


Russia Ukraine War
Russia Ukraine War

ခရိုင်းမီးယားနဲ့ ယူကရိန်းတောင်ပိုင်းက ခါဆန်ဒေသကိုဆက်ထားတဲ့ Chonhar တံတားကို ယူကရိန်းတပ်ဖွဲ့တွေက ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့သလို ရုရှားကလည်း ယူကရိန်းအနောက်ပိုင်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တနင်္ဂနွေနေ့ က ဆက်ခါဆက်ခါ တိုက်ခိုက်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်ကြတဲ့အတွက် လူ ၆ ယောက် သေဆုံးခဲ့ပြီး တခြားလူ ၄ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။ ခုလို မြေပြင်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းတောင်ပိုင်းကရုရှားတပ်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်းကိုထိခိုက်ပြီး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို အထောက်အကူပြုနိုင်ပါတယ်။

ရုရှားမှာတော့ မော်စကိုမြို့တောင်ပိုင်းမှာ ဒရုန်းတစီးကို တနင်္ဂနွေနေ့က ပစ်ချခဲ့ရတယ်လို့ မော်စကိုမြို့တော်ဝန်က ပြောပါတယ်။ အဲဒီတနေ့တည်းမှာပဲ မော်စကို က Vnukovo လေဆိပ်က လေယာဥ်ခရီးစဥ်တွေကို ရပ်ခဲ့ပါတယ်။

ရုရှားက ဒရုန်းနဲ့ဒုံးကျည်ပေါင်း ၇၀ တိုက်ခိုက်ခဲ့ပြီး အဲဒီထဲက ရုရှားရဲ့ အနည်းဆုံး ဒုံးကျည် ၁၀ စင်းကို ယူကရိန်း လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။ စနေနေ့တုန်းကတော့ ခါခစ်ဒေသက Kupiansk မြို့ သွေးလှူဘဏ်ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ဆော်ဒီအာရေဗျနိုင်ငံ Jeddah မှာ လုပ်နေတဲ့ဆွေးနွေးပွဲက အကျိုးများတယ်လို့ ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermak က ဆိုပါတယ်။ ဒီ အစည်းအဝေးဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေက ယူကရိန်းနောက်ကဝန်းရံပေးဖို့ လုပ်တာဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။ ဒီ အဆင့်မြင့် အစည်းအဝေးမှာ BRICS လို့ အင်္ဂလိပ်လို အတိုသိကြတဲ့ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေလည်းတက်ရောက်ကြပေမဲ့ ဘရစ်အဖွဲ့ဝင် ရုရှားတော့ မတက်ရောက်ခဲ့ပါဘူး။

နယ်မြေ အချုပ်အခြာအာဏာကို လေးစားပြီး ဘယ် ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ယူကရိန်းရဲ့ အချုပ်အခြာအာဏာ အသိအမှတ်ပြုရေး အဓိက လိုအပ်တယ်လို့ ဒီ အစည်းအဝေးက သဘောတူခဲ့ပြီး အကျိုးရှိတယ်လို့ ဥရောပ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG