သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို စလိုဗက်ကီးယား ပေးမည်


FILE - A view of a MiG-29 aircraft at Sliac Air Base, in Sliac, Slovakia, Feb. 29, 2008.
FILE - A view of a MiG-29 aircraft at Sliac Air Base, in Sliac, Slovakia, Feb. 29, 2008.

=== [[ ZAWGYI ]] ===

ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို စလိုဗက်ကီးယား ပေးမည်

ယူကရိန်းနိုင်ငံကို MiG တိုက်လေယာဉ်တွေ ပေးအပ်ဖို့ အစီအစဉ်ကို သောကြာနေ့မှာ Slovakia က အတည်ပြုလိုက်ပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံကို လေယာဉ်တွေ ကူညီပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ အကြိမ်ကြိမ် ပန်ကြားချက်ကို ပိုလန်ဘက်က လိုက်လျော ဆောင်ရွက်ပေးတဲ့ပြီးနောက် NATO အဖွဲ့ဝင် နိုင်ငံထဲက ဒုတိယမြောက်အဖြစ် Slovakia က အခုလို အလားတူ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Slovakia စလိုဗက်ကီးယားဝန်ကြီးချုပ် Eduard Heger ကတော့ အသုံးမပြုတော့တဲ့ MiG-29 တိုက်လေယာဉ် ၁၃ စင်း ယူကရိန်းနိုင်ငံကို ပေးအပ်မှုက သူ့နိုင်ငံသမိုင်းမှာ အမှန်ဘက်က ရပ်တည်မှုဖြစ်တယ်လို့ ပြောပါတယ်။ ရုရှား စစ်တပ်နဲ့ ကြေးစားတပ်ဖွဲ့ဖြစ်တဲ့ Wagner Group တပ်ဖွဲ့တွေက Bakhmut မြို့တွင်းက Bakhmutka မြစ်ရဲ့ အနောက်ဘက်မှာ လတ်တလော အခိုင်အမာ ခြေကုပ်ရယူထားကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေး အချက်အလက်တွေက ဖော်ပြပါတယ်။

Donbas ဒေသ Bakhmut မြို့တွင်း တိုက်ပွဲတွေမှာ ဒီ မြစ်ဟာဆိုရင် ရှေ့တန်းစစ်မြေပြင် ဖြစ်လာကြောင်းလည်း ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ တချိန်တည်းမှာဘဲ ဇန်နဝါရီလကစလို့ ရုရှားဟာဒေသမှာ ထိုးစစ်ဆင် တိုက်ခိုက်မှု အနည်းဆုံးဖြစ်လာတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီလို ဖြစ်ရတာဟာ ဒေသတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရေးကို လက်ရှိမှာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ရုရှား တပ်ဖွဲ့တွေအနေနဲ့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ယာယီ မဖြည့်ဆည်းနိုင် ဖြစ်နေတဲ့သဘော ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ရုရှားဖက် တပ်ဖွဲ့ဝင် အင်အားနဲ့ လက်နက်အင်အား ပြန်လည် ဖြည့်တင်းလာချိန်မှာ ထိုးစစ်ဆင်လာနိုင်ခြေ ရှိကြောင်းလည်း ဖော်ပြပါတယ်။ ဒီမတိုင်ခင်မှာတော့ ရုရှား တပ်မှူးတွေအနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ရေးနဲ့ အပြည့်အ၀ ခုခံကာကွယ်ရေးကြားမှာ မဖြစ်မနေ ရွေးချယ်ရမယ့် အနေအထားရှိတယ်လို့လည်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံချက်က ဖော်ပြပါတယ်။

ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို စလိုဗက်ကီးယား ပေးမည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG