သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု စုံစမ်းရေး စလိုဗက်ကီးယား ထောက်ခံ


စစ်အစိုးရ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု စုံစမ်းရေး စလိုဗက်ကီးယား ထောက်ခံ
စစ်အစိုးရ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု စုံစမ်းရေး စလိုဗက်ကီးယား ထောက်ခံ

မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂက ကော်မရှင်တစ်ခုဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမယ့် ကိစ္စကို Slovakia နိုင်ငံက ထောက်ခံမယ်လို့ ပြောကြားလိုက်ပါတယ်။

ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့က Geneva မှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၁၄ ကြိမ်မြောက် ညီလာခံမှာ အခုလို ပြောကြားလိုက်တာပါ။

အလားတူပဲ အမေရိကန်ပြည်ထောင်စုကလဲ ဒီကိစ္စကို ထောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေအတွက် မြန်မာစစ်အစိုးရကို ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Quintana က အဆိုပြုထားတာဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို သြစတြေးလျ၊ ချက်က်နဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ခံထားကြပြီးသား ဖြစ်ပါတယ်။

XS
SM
MD
LG