သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို အရေးပေါ် လက်နက်ရောင်းချဖို့ ဝန်ကြီးဘလင်ကန် အတည်ပြု 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်
နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်

အစ္စရေးကို အရေးပေါ်လက်နက်တွေ ထပ်မံရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့က အတည်ပြု လိုက်ပါတယ်။ ဂါဇာမှာ အစ္စရေးက ဟာမတ်စ်အဖွဲ့ကို ချေမှုန်းတဲ့ထိုးစစ်တွေ အပြင်းအထန် ဆက်ဖြစ်နေပြီး ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝေဖန်နေချိန်မှာ ခုလို အတည်ပြုလိုက်တာပါ။

တလအတွင်း ဒုတိယအကြိမ် အရေးပေါ်လက်နက်တွေရောင်းချဖို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံခြားစစ်တပ်တခုကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ဆိုရင် ကွန်ဂရက်လွှတ်တော်မှာ ပြန်လည် သုံးသပ်ရတဲ့ လုပ်ငန်းစဥ် ရှိပေမဲ့လည်း ဒါကိုကျော်ပြီး ဒေါ်လာ ၁၄၇ သန်းခွဲဖိုး လက်နက်တွေ အစ္စရေးကို အရေးပေါ် ရောင်းချပေးဖို့ ဝန်ကြီး Blinken က အတည်ပြုလိုက်တယ်လို့ နိုင်ငံခြားရေးဌာနက သောကြာနေ့က ထုတ်ပြန်ပါတယ်။

အစ္စရေးကို ရောင်းချသွားမယ့်ပစ္စည်းတွေထဲမှာတော့ ၁၅၅ မမ အမြောက်ကျည်ဆံတွေ လုပ်ရာမှာသုံးတဲ့ စက်ပစ္စည်းတွေ ပါပါတယ်။ အစ္စရေးရဲ့ ကာကွယ်ရေးဆိုင်ရာ အရေးပေါ် လိုအပ်ချက်ကြောင့် ခုလို ချက်ချင်းရောင်းချပေးနိုင်အောင် သူ့အနေနဲ့ လွှဲအပ်လုပ်ပိုင်ခွင့် အာဏာသုံးပြီး အတည်ပြုလိုက်တာကို ဝန်ကြီး Blinken က ကွန်ဂရက်လွှတ်တော်ကိုလည်း အသိပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို မြေပြင်ကရော ဝေဟင်ကပါ အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း လူ ၁၆၅ ယောက်သေဆုံးပြီး ၂၅၀ ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက စနေနေ့က ပြောပါတယ်။

အစ္စရေးကို အရေးပေါ် လက်နက်ရောင်းချဖို့ ဝန်ကြီးဘလင်ကန် အတည်ပြု 
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

This item is part of
​
XS
SM
MD
LG