သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အီဂျစ်အဆိုပြုချက် ဟာမတ်စ် ဆွေးနွေး 


အစ္စရေး-ဟာမတ်စ် စစ်မြေပြင်မှာတွေ့ရတဲ့ စစ်သုံးယာဉ်တစီး (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)
အစ္စရေး-ဟာမတ်စ် စစ်မြေပြင်မှာတွေ့ရတဲ့ စစ်သုံးယာဉ်တစီး (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)

အစ္စရေး-ဟာမတ်စ် စစ်ပွဲအဆုံးသတ်ရေး အီဂျစ်နိုင်ငံက ကြားဝင် ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကိစ္စ ဆွေးနွေးဖို့ ဟာမတ်စ်အဖွဲ့က အဆင့်မြင့် အရာရှိတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ကို ဒီရက်ပိုင်း ရောက်လာဖို့ ရှိနေချိန်မှာပဲ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Basem Naim ကတော့ ဂါဇာမှာ အစ္စရေးဘက်က ရန်လိုတိုက်ခိုက်မှုတွေ အဆုံးမသတ်မချင်း ဖမ်းဆီးထားသူတွေ အပြန်အလှန် ပြန်လွှတ်ပေးဖို့ ဆိုတဲ့ ညှိနှိုင်းမှုတွေလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အီဂျစ် အဆိုပြုထားတဲ့ အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေး အစီအစဥ်ထဲမှာတော့ အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်အဖွဲ့တွေ အစ္စရေးကို တိုက်ခိုက်ချိန် ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေ ပြန်လွှတ်ပေးဖို့၊ အစ္စရေးဘက် ကလည်း ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့၊ စစ်ပွဲကြီး အဆုံးသတ်စေဖို့အတွက် ကနဦး အပစ်ရပ် စောင့်ကြည့်လေ့လာမှုတွေ လုပ်သွားဖို့နဲ့ စစ်ပွဲအလွန် ဂါဇာအုပ်ချုပ်ရေးအတွက် ပါလက်စတိုင်း အစိုးရတရပ် ဖွဲ့စည်းသွားဖို့ ကိစ္စတွေ ပါဝင်ပါတယ်။ ဒီအဆိုပြုချက်ကို ဟာမတ်စ်အဖွဲ့ဘက်က ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက လက်ခံရရှိခဲ့ပြီး လက်ခံ မခံတော့ မပြောသေးပါဘူး။

ဒီအတောအတွင်းမှာပဲ ဟာမတ်စ်ခေါင်းဆောင်က အစ္စရေးဘက်က တိုက်ခိုက်နေတာတွေ ရပ်ဖို့နဲ့ အဲ့ဒီလိုမရပ်ဘဲ စေ့စပ်မှုတွေ မဖြစ်နိုင်ကြောင်း ပြောဆိုတာပါ။ လက်ရှိ ဂါဇာကစစ်ပွဲတွေကို အစ္စရေးရဲ့ လူမျိုးတုံးစစ်ပွဲ လို့လည်း သူက သုံးနှုန်းပြီး ဒီစစ်ပွဲ အဆုံးသတ်စေမဲ့ ကြိုးပမ်းမှုမျိုးကိုတော့ သူတို့ဘက်က လက်ခံဖို့ လမ်းဖွင့်ထားတယ်ဆိုပြီး သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG