သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနေရာအတော်များများကို အစ္စရေးလေကြောင်း ထပ်မံတိုက်ခိုက်


YEAR-END/ISRAEL-PALESTINIANS
YEAR-END/ISRAEL-PALESTINIANS

ဂါဇာကမ်းမြောင်က နေရာအတော်များများကို အင်္ဂါနေ့က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေးစစ်တပ်ကပြောဆိုလိုက်ပြီး ဒီလို တိုက်ခိုက်မှုတွေ နောက်ထပ် လအတော်ကြာ ဆက် ဖြစ်နေနိုင်သေးတယ်လို့လည်း အစ္စရေး စစ်အရာရှိချုပ်က ပြောပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတခုကို ချေမှုန်းဖို့ အချိန်တို ဖြတ်လမ်းမရှိဘူးလို့ ဟာမတ်စ်အဖွဲ့ကို ရည်ညွှန်းပြီး အစ္စရေး စစ်ဦးစီးချုပ် Herzi Halevi က အင်္ဂါနေ့က ပြောဆိုလိုက်တာပါ။ ဟာမတ်စ်အဖွဲ့က အစ္စရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာသုံးတဲ့ နေရာတွေနဲ့ ဥမင်လှိုင်ခေါင်းတွေအပါအဝင် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာအလယ်ပိုင်းမှာရှိတဲ့ (Nuseirat ၊ Maghazi ၊ Bureij) ဒုက္ခသည်စခန်း ၃ နေရာမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ ခံရတဲ့အကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့ ခုလို လောလောလတ်လတ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအရာရှိတွေကလည်း အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။

ခရစ္စမတ်အကြိုနေ့နောက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံး UNHR ပြောခွင့်ရ Seif Magango က သတိပေး ပြောဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဟာမတ်စ်အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးထားသူတွေကို ပြန် မလွှတ်ပေးမချင်း တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG