သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ် မပျက်ဆီးမခြင်း ငြိမ်းချမ်းရေးမရနိုင် (အစ္စရေးဝန်ကြီးချုပ်)

Israel Palestinians
Israel Palestinians

ဟာမတ်စ်အဖွဲ့ မပျက်ဆီးသေးမရွေ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ထုတ်ပြောပြီးနောက် ဒီနေ့မှာပဲ အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာအလယ်ပိုင်း Jabalia နဲ့ Khan Yunis ဒေသတွေမှာရှိတဲ့ စစ်ဘက်နေရာတွေနဲ့ ဥမင်လှိုဏ်ခေါင်းတွေ အပါအဝင် ပစ်မှတ်ပေါင်း တရာ ကျော်ကို ၂၄ နာရီအတွက် ပစ်မှတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကတော့ ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲ အစ္စရေးဓားစာခံ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးနိုင်ဖို့အတွက် မိသားစုဝင်တွေက အစ္စရေးလွှတ်တော်ရှေ့မှာ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြနေစဉ်မှာပဲဝန်ကြီးချုပ် Netanyahu က ဟာမတ်စ်တွေကို အမြစ်ပြတ်တိုက်ခိုက်မယ့်အကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြန်ပေးဆွဲခံရလို့ နာကျင်မှုတွေ ခံစားနေရတဲ့ မိသားစုဝင်တွေကို ကျတော် ဒီစင်မြင့်ကနေ ပြောချင်တာက၊ ကျတော်တို့ဟာ ဒီအဆင့်မှာ ရပ်နေမှာ မဟုတ်ပါဘူး၊ အောင်ပွဲရတဲ့အထိ တိုက်နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့မှာ တခြားနိုင်ငံမရှိသလို၊ တခြား ရွေးချယ်စရာလည်း မရှိပါဘူး” လို့ အစ္စရေးဝန်ကြီးချုပ်က ပြောသွားတာပါ။

သူဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်းကို မနေ့က သွားရောက်ခဲ့ပြီး အစ္စရေးစစ်သားတွေနဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း ဟာမတ်စ်တွေ မရှုံးမချင်း ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ပြောခဲ့ပါသေးတယ်။ အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့နှောင်းပိုင်းကနေ တနင်္လာနေ့အထိ ဂါဇာအလယ်ပိုင်းကို အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက် တိုက်ခိုက်နေတာပါ။

ဟာမတ်စ်ထိန်းချုပ်နယ်မြေက ကျန်းမာရေး အာဏာပိုင်တွေကတော့ မက်ဂါဇီ ဒုက္ခသည် စခန်းကို အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ကြောင်း ပြောထားပါတယ်။ အီဂျစ်ကတော့ လက်ရှိပဋိပက္ခတွေကို အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်အရေး စီမံခန့်ခွဲဖို့အတွက် ကျွမ်းကျင်သူများဖွဲ့စည်းရေး စတာတွေအတွက် တနင်္လာနေ့က အဆိုပြုချက်တရပ်ကို တင်သွင်းခဲ့ပါတယ်။

ဟာမတ်စ် မပျက်ဆီးမခြင်း ငြိမ်းချမ်းရေးမရနိုင် (အစ္စရေးဝန်ကြီးချုပ်)
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG