သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု လူ ၉၀ ကျော် ထပ်မံသေဆုံး 


ISRAEL-PALESTINIANS/
ISRAEL-PALESTINIANS/

ဂါဇာမှာရှိတဲ့ အဆောက်အဦးနှစ်ခုကို အစ္စရေးက စနေနေ့က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပါလက်စတိုင်း ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးရုံအရာရှိတွေက ပြောပါတယ်။

ဂါဇာမှာ အရပ်သားတွေအတွက် ဘေးလွတ်ရာ ထွက်ပြေးဖို့နေရာဆိုတာ မရှိတော့ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း သောကြာနေ့ကပဲ သတိပေးပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးစစ်တပ်ကတော့ ဂါဇာတောင်ပိုင်းကို အဓိကထားပြီး မြေပြင်ထိုးစစ်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေကြောင်းနဲ့ မြောက်ပိုင်းမှာလည်း ထိုးစစ်တွေ ဆက်ရှိနေကြောင်း စစ်ဘက် ပြောခွင့်ရက ပြောပါတယ်။ Gaza City က နေရာ အတော်များများမှာ ရှိနေကြတဲ့ ဟာမတ်စ် တိုက်ခိုက်ရေးသမားတွေကို လေကြောင်းကနေ ချေမှုန်း တိုက်ခိုက်နေတာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒီအတောအတွင်း ဂါဇာအတွက် စာနာမှုအကူအညီတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကား ၇၀ ကတော့ အီဂျစ်နယ်စပ် Rafah နယ်စပ်ကတဆင့် ဂါဇာတောင်ပိုင်းကို စနေနေ့က ဝင်ရောက်လာတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ စာနာမှု အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ဂါဇာအတွက် အကူအညီတွေကို အမြန်ဆုံးနဲ့ အရှိန်မြှင့်ပေးနိုင်ဖို့ တောင်းဆိုတဲ့ဆုံးဖြတ်ချက်တရပ်ကိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။

ဒီလို ဆုံးဖြတ်နိုင်ဖို့အတွက် အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီမှာ စေ့စပ်ညှိနှိုင်းမှုတွေ ရက်အတန်ကြာ အချေအတင်လုပ်ခဲ့ရပြီး အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချတာမရှိတဲ့အတွက် သောကြာနေ့မှာ အတည်ပြုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG