သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူ ၇၀ ထက်မနည်း သေဆုံး


ခရစ်စမတ်နေ့မှာ ဂါဇာကမ်းမြှောင်ဒေသ ဆက်လက်တိုက်ခိုက်ခံရ (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)
ခရစ်စမတ်နေ့မှာ ဂါဇာကမ်းမြှောင်ဒေသ ဆက်လက်တိုက်ခိုက်ခံရ (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)

ဂါဇာဒေသအလယ်ပိုင်း ဒုက္ခသည်စခန်းတခုကို တနင်္ဂနွေနေ့မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းတဲ့ စစ်ပွဲအတွင်း အရပ်သားတွေ ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့အတွက် အစ္စရေးရဲ့ ကတိကဝတ်တွေကို ပြန်လည် သုံးသပ်နေသလို၊ Maghazi ဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းကို တိုက်ခိုက်ခဲ့တာကိုလည်း ပြန်လည် သုံးသပ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

မြေပြင်စစ်ဆင်ရေးတွေအပြင် ထောင်နဲ့ ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ နေရာ အတော်များများ ပျက်ဆီးခဲ့ပြီး၊ ပါလက်စတိုင်း ၂သောင်းကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် လူပေါင်း ၂.၃ သန်းဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အစ္စရေးဘက်ကတော့ ဂါဇာမှာ မြေပြင်စစ်ဆင်ရေးတွေ စတင်ကတည်းက အစ္စရေးတပ်သား သေဆုံးမှု မြင့်တက်လာပြီး စုစုပေါင်းသေဆုံးသူဦးရေဟာ ၁၅၆ ဦးအထိ ရှိလာတယ်လို့ ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အစ္စရေးတပ်တွေက ဟာမတ်စ်တို့ကို အပြီးတိုင်တိုက်ထုတ်ပြီး၊ နိုင်ငံ့လုံခြုံရေးကို ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ ကတိစကားအတိုင်း ရေရှည်စစ်ပွဲကို ဆက်တိုက်သွားမယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ဂါဇာကမ်းမြောင်ဒေသရဲ့ ကျန်းမာရေးစနစ် ဖျက်ဆီးခံနေရပြီး အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ကြဖို့ ထပ်လောင်း ပြောလိုက်ပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူ ၇၀ ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG