သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် ရိက္ခာသယ်လာတဲ့ ကုလ ယာဉ်တန်း တိုက်ခိုက်ခံရ

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးဘက်က မြင်တွေ့ရပုံ (ဒီဇင်ဘာ ၂၉၊ ၂၀၂၃)
ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးဘက်က မြင်တွေ့ရပုံ (ဒီဇင်ဘာ ၂၉၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ ကုလသမဂ္ဂအကူအညီပေးတဲ့ ယာဉ်တန်းတခုကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်းဒုက္ခသည်များ အကူအညီပေးရေး ကုလသမဂ္ဂအေဂျင်စီ UNRWA ကပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဖွင့်ပေးထားတဲ့လမ်းကနေ ဂါဇာမြောက်ပိုင်းက ပြန်လာတဲ့ သူတို့ယာဉ်တန်းတခုကို အစ္စရေးစစ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဂါဇာမှာရှိနေတဲ့ UNRWA ဒါရိုက်တာ Tom White က X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ကြာသပတေးနေ့ နေ့လည်ပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ယာဉ်တန်းကို ဦးဆောင်သွားတဲ့ ခေါင်ဆောင်အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ တဦးတယောက်မှ ထိခိုက်မှုမရှိပေမဲ့ ကားတစီးတော့ တော်တော်လေးပျက်စီးသွားတယ်လို့ သူကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စရေးစစ်တပ်ဖက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ကုလသမဂ္ဂလူသားချင်းစာနာကူညီမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ကလည်း အကူအညီသွားပေးတဲ့ ယာဉ်တန်း ပစ်ခတ်ခံရတယ်လို့ ဒီနေ့ သောကြာနေ့ အစောပိုင်းက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဂါဇာမှာရှိနေသူတွေနဲ့ သူတို့ကို အကူအညီပေးဖို့ ကြိုးစားနေသူတွေအတွက် ဘယ်လိုမှ နေလို့မရတဲ့ အခြေအနေဖြစ်တယ်လို့ သူကပြောကြားပြီး ဂါဇာကို အကူအညီပို့ပေးရတာ လွယ်နေတယ်ထင်ရင် ပြန်စဉ်းစားပါဦးလို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရော တောင်ပိုင်းကိုပါ ဆက်လက်တိုက်ခိုက်နေပါတယ်။

တောင်ပိုင်းက Rafah မြို့အပေါ် ညပိုင်းလေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအဆောက်အဦ ထိမှန်ခဲ့လို့ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Al-Kuwaiti ဆေးရုံ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဂါဇာဒေသ အလယ်ပိုင်းကနေ ထွက်ခွာသွားကြဖို့ အစ္စရေးအာဏာပိုင်တွေရဲ့ အမိန့်ကြောင့် လူတွေ နောက်ထပ် အိုးအိမ်စွန့်သွားနေကြရကြောင်းနဲ့ ငိုကြွေးနေကြတဲ့ ကလေးတွေချီထားတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ သက်ကြီးရွယ်အိုတွေအပါအဝင် လူပေါင်း ၁ သိန်းခွဲကျော်လောက် သွားစရာ မြေမရှိဖြစ်နေကြတယ်လို့ UNRWA ကပြောပါတယ်။

ဂါဇာအတွက် ရိက္ခာသယ်လာတဲ့ ကုလ ယာဉ်တန်း တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG