သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးမှူး ကုလခန့်အပ်

ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အတွက် ကုလသမဂ္ဂက အသစ်ခန့်အပ်လိုက်တဲ့ တာဝန်ခံ​စေ့စပ်ညှိနှိုင်းရေးမှူး Sigrid Kaag
ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အတွက် ကုလသမဂ္ဂက အသစ်ခန့်အပ်လိုက်တဲ့ တာဝန်ခံ​စေ့စပ်ညှိနှိုင်းရေးမှူး Sigrid Kaag

လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ကြုံနေရတဲ့ ဂါဇာအတွက် စာနာမှုအကူအညီတွေပေးပို့ရာမှာ ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ တာဝန်ခံ စေ့စပ်ညှိနှိုင်းရေးမှူး ခန့်အပ်လိုက်တဲ့အကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့က ကြေညာပါတယ်။

ဂါဇာအတွက်အကူအညီတွေ အမြန်ဆုံး အရှိန်မြှင့်ပေးနိုင်ရေး ဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုလိုက်ပြီးတဲ့နောက် ခုလို ခန့်အပ်လိုက်တာဖြစ်ပြီး ဒါက လုံခြုံရေးကောင်စီဆုံးဖြတ်ချက် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံသူ Sigrid Kaag ဟာ ဂါဇာအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကြီးတန်းတာဝန်ခံနဲ့ ပြန်လည် တည်ဆောက်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဇန်နဝါရီလ ၈ ရက်နေ့ကစလို့ တာဝန်တွေ စတင် ထမ်းဆောင်မှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာအတွက် အကူအညီတွေကို ကြီးကြပ်တာ၊ စိစစ်၊ စီမံ ခန့်ခွဲ၊ လွှဲအပ်တာတွေအပြင် ပဋိပက္ခမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ နိုင်ငံတွေကနေတဆင့် အကူအညီတွေ အမြန်ဆုံးပေးပို့နိုင်ရေး နည်းလမ်းရှာစေ့စပ်ညှိနှိုင်းမှုတွေကိုပါ လုပ်သွားရမှဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သောကြာနေ့က အတည်ပြုလိုက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ထဲမှာတော့ ဂါဇာအတွက် အကူအညီတွေ ဘေးကင်းလုံခြုံမှုရှိရှိ၊ အရှိန်မဆိုင်းဘဲ တိုးမြှင့်ပေးသွားနိုင်ရေး ချက်ချင်း အကောင်အထည်ဖော်ဖို့တောင်းဆိုထားပေမဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုချက်တော့ မပါဝင်ပါဘူး။ အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချတာတွေမလုပ်ဖို့ ရက်အတော်ကြာ စေ့စပ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီးတော့မှ ဒီဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂါဇာအရေး လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးမှူး ကုလခန့်အပ်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG