သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေး အရှိန်မြှင့် ထိုးစစ်ဆင်


ဂါဇာကို အစ္စရေး မြေပြင်တပ်တွေနဲ့ အရှိန်မြင့် ဆက်လက်ထိုးစစ်ဆင်. (ဒီဇင်ဘာ ၂၈၊ ၂၀၂၃)
ဂါဇာကို အစ္စရေး မြေပြင်တပ်တွေနဲ့ အရှိန်မြင့် ဆက်လက်ထိုးစစ်ဆင်. (ဒီဇင်ဘာ ၂၈၊ ၂၀၂၃)

ဂါဇာမှာရှိတဲ့ မြို့တွေနဲ့ ဒုက္ခသည်စခန်းတွေကို အစ္စရေးက ဒီကနေ့ ကြာသပတေးနေ့ညမှာ လေကြောင်းရော ကုန်းကြောင်းပါ ၂ ခုစလုံးကနေ တိုက်ခိုက်ခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။​ ဟာမတ်စ်အဖွဲ့ကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ အခုဆိုရင် ဂါဇာက နေရာ အများစုကို တိုက်ခိုက်နေတာကြောင့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်း ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အစ္စရေး-ဟာမတ်စ် စစ်ပွဲကြောင့် အခုချိန်ထိ လူပေါင်း နှစ်သောင်းကျော် သေဆုံးခဲ့ရပြီး ဂါဇာမှာရှိတဲ့ လူဦးရေ ၂.၃ သန်းရဲ့ ၈၅% ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင် မြောက်ဘက်အခြမ်းမှာရှိတဲ့ အဆောက်အဦး အားလုံးနီးပါး ပျက်ဆီး ပြိုကျကုန်ပြီး ပြင်ပနဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။ မကြာခင်မှာ ဂါဇာတောင်ပိုင်းဟာလည်း အလားတူ ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။​

ဟာမတ်စ်အဖွဲ့ကို အပြီးတိုင် ပျက်ဆီးသွားအောင် လုပ်ပစ်မယ်လို့ အစ္စရေးက ပြောဆိုထားပေမဲ့ ဟာမတ်စ်ကတော့ ဂါဇာ တောင်ပိုင်းမှာတောင် အခုချိန်ထိ အစ္စရေးတပ်ဖွဲ့တွေကို ခုခံ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။​

ဂါဇာမှာရှိတဲ့ အရပ်သားတွေ စားနပ်ရိက္ခာ ပြတ်တောက်ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာက အကူအညီတွေ ပေးနိုင်ရေးအတွက် အပစ်ရပ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို အစ္စရေးက ပယ်ချလိုက်ပြီး အဲဒီလို အပစ်ရပ်လိုက်တာဟာ ဟာမတ်စ်အဖွဲ့ကို အနိုင်ပေးလိုက်တာနဲ့တူတယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။

အစ္စရေးအတွက် အရေးပါတဲ့ အကူအညီတွေပေးနေတဲ့ အမေရိကန်ပြည်ထောင်စုကလည်း အရပ်သားတွေ ထိခိုက်သေဆုံးမှုနည်းအောင် သတိထား လုပ်ဆောင်ဖို့နဲ့ အကူအညီတွေ ဂါဇာကို ပို့ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG