သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေး အရှိန်မြင့် ထိုးစစ်ဆင်နေ

ဂါဇာဒေသမှာတွေ့ရတဲ့ အစ္စရေးတပ်ဖွဲ့ (ဒီဇင်ဘာ ၂၆၊ ၂၀၂၃)
ဂါဇာဒေသမှာတွေ့ရတဲ့ အစ္စရေးတပ်ဖွဲ့ (ဒီဇင်ဘာ ၂၆၊ ၂၀၂၃)

ဂါဇာကမ်းမြှောင်မှာ မြေပြင်ထိုးစစ် ဆက်ပြီး တိုးချဲ့သွားမယ်လို့ အစ္စရေးအရာရှိတွေ ‌ပြောဆိုထားပြီးတဲ့နောက် လေကြောင်းကလည်း ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် အရပ်သားတွေ ဘေးကင်း လုံခြုံရေးအတွက် ကုလသမဂ္ဂက စိုးရိမ်နေပါတယ်။ ဒီနေ့ တိုက်ခိုက်မှုတွေမှာ မြေပြင်ကရော ဝေဟင်ကပါ အစ္စရေးဘက်က ထိုးစစ်ဆင်တာပါ။ ဟာမတ်စ် စစ်သွေးကြွတွေကို ခြေမှုန်းဖို့ ပစ်မှတ်ထားတဲ့ ဂါဇာမြောက်ပိုင်း ဒေသကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

ဂါဇာ တောင်ဘက်ပိုင်းမှာရှိတဲ့ Khan Younis ဒေသကို ပြောင်းတိုက်ပြီးတဲ့နောက်၊ အခု ဂါဇာ အလယ်ပိုင်း ဒုက္ခသည် စခန်းတွေ ရှိတဲ့နေရာတွေကို ဆက်ပြီး တိုက်သွားမယ့်သဘောမျိုး အစ္စရေး အရာရှိတွေ ဒီသီတင်းပတ်အတွင်းမှာ အချက်ပေးပြောဆိုလာပါတယ်။

ဂါဇာမှာနေထိုင်တဲ့ သူ တော်တော်များများ တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရကာ၊ အစ္စရေးဘက်က ထိုးစစ် အရှိန်မြင့်မယ်လို့ ကြေညာထားတဲ့အတွက် ထွက်ပေါက်တွေ တိုးဝှေ့ ရှာနေရသလို ယာယီအမိုးအကာတွေအောက်မှာ ဖြစ်သလို ပြည့်သိပ်ကျပ်ပြီးနေ နေကြရပါတယ်။ ဂါဇာအလယ်ပိုင်းမှာ ခရစ္စမတ်မတိုင်ခင် တရက် ဗုံးကျဲတိုက်ခိုက်မှု‌တွေကြား ပါလက်စတိုင်း ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အခုလည်း ဆက်ပြီး တိုက်ခိုက်နေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရ Seif Magango က မနေ့က ပြောဆိုခဲ့ပါတယ်။

ဂါဇာကို အစ္စရေး အရှိန်မြင့် ထိုးစစ်ဆင်နေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG