သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံကလူနာတွေ မပြေးနိုင်အောင် ဟားမတ်စ်ပိတ်ဆို့ခဲ့ဟု အစ္စရေးဝန်ကြီးချုပ် စွပ်စွဲ


ဂါဇာမှာအဝိုင်းခံထားရတဲ့ ရှီဖာ ဆေးရုံကနေ ဘာကြောင့် လူနာတွေကို အန္တရာယ်မရှိ၊ မရွှေ့ပြောင်းနိုင်ရသလဲဆိုတဲ့အကြောင်းမရှိဘဲ အန္တရာယ်ရှိတဲ့အနေအထားမှာ လူနာတွေ ရှိနေအောင် ဟားမတ်စ်စစ်သွေးကြွတွေက လုပ်ဆောင်နေတာသာဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ယာဟုက တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

လူနာ ၁၀၀ ကို ဆေးရုံကနေ ရွှေ့ပြောင်းပြီးဖြစ်ရုံမက အဲဒီဝန်းကျင်မှာ နေထိုင်တဲ့ ပါလက်စတိုင်းတွေဟာ အန္တရာယ်ကင်းလမ်းကြောင်းကနေ တောင်ပိုင်းကို သောင်းချီ ပြောင်းသွားကြပြီလည်းဖြစ်တယ်လို့ အစ္စရေးခေါင်းဆောင်က CNN ကို ပြောပါတယ်။ ဒါပေမဲ့ ဂါဇာရဲ့အကြီးမားဆုံးဆေးရုံအနီးမှာ အစ္စရေးနဲ့ဟားမတ်စ်တို့ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဆေးရုံရဲ့ညွှန်ကြားရေးမှူး မိုဟာမက် အဘူ ဆယ်လ်မီယား (Mohammad Abu Salmiya) က ပြောပါတယ်။

အမေရိကန်ကတော့ အဲဒီလို ဆေးရုံဝန်းကျင်မှာ တိုက်ခိုက်နေကြတာကို မမြင်လိုကြောင်း၊ ဒါနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်နဲ့ ဆွေးနွေးနေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က စီဘီအက်စ် ရုပ်မြင်သံကြားကို ပြောပါတယ်။

လက်ဘနွန်- အစ္စရေးနယ်စပ်မှာတော့ တနင်္ဂနွေနေ့အစောပိုင်းက အစ္စရေးမြောက်ပိုင်း မနားရား (Manara) နယ်မြေကို မော်တာအမြောက်နဲ့ လက်ဘနွန်ဟက်ဇ်ဘိုလာအဖွဲ့ က ပစ်ခတ်တဲ့အတွက် အစ္စရေးစစ်သား ၇ ယောက်နဲ့ တခြားလူ ၁၀ ယောက် ဒဏ်ရာရရှိသွားကြတယ်လို့ အစ္စရေးစစ်တပ်နဲ့ ဝန်ဆောင်မှုအဖွဲ့တွေက ပြောပါတယ်။ ၂ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG