သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဆီးရီးယားရှိအီရန်ဗိုလ်ချုပ်တဦးသေဆုံး


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အီရန်ပြည်သူ့စစ် တော်လှန်ရေးစောင့်တပ်အကြံပေး Razi Mousavi
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အီရန်ပြည်သူ့စစ် တော်လှန်ရေးစောင့်တပ်အကြံပေး Razi Mousavi

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကဒ် ရပ်ကွက်တခုမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် အဆင့်မြင့် အီရန်ဗိုလ်ချုပ်တဦး သေဆုံးတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။ ဆီးရီးယားမှာရှိတဲ့ အီရန်ပြည်သူ့စစ် တော်လှန်ရေးစောင့်တပ်အကြံပေး Razi Mousavi ဖြစ်သူ သေဆုံးခဲ့တာပါ။

အစ္စရေး-ဟာမတ်စ်စစ်ပွဲကြောင့် ဒေသတွင်း အီရန်နောက်ခံပေးထားတဲ့အဖွဲ့တွေနဲ့ တင်းမာလာခဲ့သလို လက်ဘနွမ်-အစ္စရေးနယ်စပ်မှာလည်း ဟစ်စဘိုလာတို့နဲ့ အစ္စရေးကြား တိုက်ပွဲတွေ ရှိလာပါတယ်။ အခု အစောပိုင်းတုန်းကလည်း အစ္စရေးတိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာ ဗိုလ်ချုပ်နှစ်ဦး သေဆုံးခဲ့ပြီးပါပြီ။ အခု သေဆုံးသူ Mousavi ဟာ ၂၀၂၀ ဇန်နဝါရီလတုန်းက အီရတ်မှာ အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန် အထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Qussim Solimani နဲ့ အတော်ကြီးနီးစပ်သူတဦးလည်းဖြစ်တယ်လို့ IRNA အီရန်နိုင်ငံပိုင်သတင်းက ပြောပါတယ်။ အခု တိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ အစ္စရေးစစ်ဘက်ကရော ဆီးရီယားနိုင်ငံပိုင်သတင်းကပါ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည်မှုအဖွဲ့ကထုတ်ပြန်တာမှာတော့ ဟစ်စဘိုလာတို့ရဲ့အခြေစိုက်ရုံးခန်းတခုလို့သံသယရှိတဲ့ ယာခင်းတခုကို Mausavi ဝင်လာချိန်မှာ အစ္စရေးစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အသေးစိတ်ဖော်ပြပါတယ်။ ဆီးရီးယားပြည်တွင်းစစ်တလျှောက်လုံး ဆီးရီးယားသမ္မတ Bashar Assad အစိုးရကို အထောက်အပံ့ပေးသူတွေထဲ အီရန်၊ ရုရှားတို့နဲ့အတူ လက်ဘနွန်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟစ်စဘိုလာလည်း အဓိက ပါဝင်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG