သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယား သဘောတူညီမှု အစ္စရေး ဝေဖန်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က New York မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြား။ (အောက်တိုဘာ ၁၊ ၂၀၁၅)
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က New York မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြား။ (အောက်တိုဘာ ၁၊ ၂၀၁၅)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြာသားပတေးနေ့ New York မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ မိန့်ခွန်း ပြောကြားစဉ်အတွင်း အီရန်နိုင်ငံရဲ့ နျူကလီးယား အစီစဉ် ဖျက်သိမ်းရေးအတွက် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား ရရှိခဲ့တဲ့ သဘောတူညီမှု အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံနျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရရှိထားတဲ့ သဘောတူညီချက် ထဲမှာ အကန့်သတ်တွေ အများပြား ရှိနေကြောင်း၊ အခုလောလောဆယ်မှာ မှန်နေတယ် ဆိုပေမဲ့ နောင်လာမယ့် ၁၀ နှစ် ၁၅ နှစ် လောက်အချိန်ရောက်ရင် အီရန်ဘက်က ဘာပဲလုပ်နေနေ ဒီကန့်သတ်ချက်တွေကို ပြန်လျှော့ပေါ့ပေးရတော့မယ့် အနေအထားမျိုးမှာ ရှိနေတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ပေးလိုက်ပြီးတဲ့နောက် ရရှိမယ့် သန်းပေါင်းထောင် နဲ့ချီတဲ့ ဒေါ်လာငွေတွေက ကြောင်ကို ကျားဖြစ်လာအောင် အသက်သွင်းပေး သလိုဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါဟာ စစ်ဖြစ်ဖို့အတွက် ပိုပြီး နီးစပ်တယ်ဆိုတဲ့ အစ္စရေးနိုင်ငံဘက်က ဝေဖန်တဲ့အမြင်ကို ထပ်မံ ပြောဆိုလိုက်ပါတယ်။

အစ္စရေးနိုင်ငံကတော့ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်စေဖို့အတွက် စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ ပြင်ဆင် ထားကြောင်း ထပ်ခါတလည်းလည်း သတိပေးထားပါတယ်။ အီရန်နိုင်ငံကတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အစီအစဉ် မရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG