သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်အဖွဲ့အပေါ် အောင်ပွဲရတဲ့အထိတိုက်မည် (အစ္စရေးဝန်ကြီးချုပ်)


Israel Palestinians Netanyahu
Israel Palestinians Netanyahu

ဟာမတ်စ်အဖွဲ့အပေါ် အောင်ပွဲရတဲ့အထိ ဆက်လက်စစ်ဆင်သွားမယ့်အကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ထပ်မံ အလေးထားပြောလိုက်ပါတယ်။

စစ်ဖြစ်နေတာ ရက်ပေါင်း ၁၀၀ ပြည့်တော့မယ့် ဂါဇာဒေသမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ်က မနေ့က ထပ်ပြောလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဟာမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာက စစ်ဖြစ်ခဲ့ရာမှာ အစ္စရေးမှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးပြီး၊ ဂါဇာမှာတော့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းကျော် ၂၄၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

စနေနေ့မှာပဲ ဟာမတ်စ်တွေလက်မှာ ဖမ်းဆီးခံထားရတာ ရက်ပေါင်း ၁၀၀ လောက် ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး အစ္စရေးအစိုးရကို တောင်းဆိုတဲ့အနေနဲ့ Tel Aviv မြို့တော်မှာ ၂၄ နာရီကြာ ဆန္ဒပြပွဲမှာ လူပေါင်းထောင်ချီ ပါဝင်ခဲ့ကြတာပါ။

တချိန်တည်းမှာပဲ ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေရပ်ဖို့ ဝါရှင်တန်မြို့တော် အပါအဝင် ကမ္ဘာ့မြို့ကြီးတွေမှာ ပါလက်စတိုင်းသား ထောင်ချီ ဆန္ဒပြကြပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အိမ်ဇြူတော် အနီးမှာလည်း လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြသလို၊ လန်ဒန်၊ ပါရီ၊ ရောမ၊ မီလန်၊ ဒက်ဗလင် စတဲ့ မြို့ကြီးတွေမှာလည်း စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG