သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြို့ကို အစ္စရေးဗုံးကြဲတိုက်ခိုက်


Displaced Palestinian children stand next to a mural painting by artist Amal Abo in Rafah in the southern of Gaza Strip, on Dec. 31, 2023.
Displaced Palestinian children stand next to a mural painting by artist Amal Abo in Rafah in the southern of Gaza Strip, on Dec. 31, 2023.

တနင်္ဂနွေနေ့က ဂါဇာက ဟာမတ်စစ်သွေးကြွတို့ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခု ၂၀၂၄ ခု နှစ်သစ်ကူးသွားလည်း ဂါဇာမှာ တိုက်ပွဲတွေမြန်မြန်ဆန်ဆန်အဆုံးသတ်သွားမယ့် လက္ခဏာမရှိသေးပါဘူး။

တိုက်ခိုက်မှုတွေကြောင့် ဂါဇာမြို့မှာ လူ ၃၅ ဦးထက်အနည်း သေဆုံးတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းမှာ အစ္စရေးတပ်တွေက ပစ်မှတ်ထား စစ်ဆင်နေချိန်မှာပဲ အီဂျစ်နဲ့နယ်ချင်းစပ် တောင်ပိုင်းမှာရှိတဲ့ ဂါဇာရဲ့ ဒုတိယအကြီးဆုံးမြို့ Khan Younis မှာလည်း စစ်ဆင်ရေးတွေ ဆက်ရှိနေပါတယ်။ အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာက ပြောဆိုဖိအားပေးမှုတွေ တိုးလာပေမယ့်လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အစ္စရေးအနေနဲ့ ဂါဇာစစ်ပွဲဟာ လအတော်ကြာဦးမယ်လို့ စနေနေ့က ခန့်မှန်းပြောဆိုသွားပါတယ်။

ဂါဇာမြို့မှာ ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရုပ်အလောင်း ၁၈ လောင်းကို တွေ့ရှိရပြီး ကျန်အတော်များများကတော့ အပျက်အစီးတွေအောက်မှာ မြုပ်နေတယ်လို့ ယူဆရတဲ့အကြောင်း ဟာမတ်ကျန်းမာရေးဌာနက ပြောပါတယ်။ စစ်ပွဲက သုံးလကြာတာနဲ့အမျှ ဂါဇာလူဦးရေ ၂.၃ သန်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ အိုးမဲ့အိမ်မဲ့အခြေအနေရောက်နေရပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆောင်းရာသီရောက်လာချိန်မှာ ဂါဇာဒေသခံတွေဟာ ဖြစ်သလိုလုပ်ထားတဲ့ တဲတွေမှာ ခိုလှုံနေရပြီး အစားအစာငတ်မွတ်မှုနဲ့ ရောဂါကပ်ဘေးတွေ ရင်ဆိုင်လာရမယ့်အခြေအနေကြုံနေရပြီလို့ ကုလသမဂ္ဂက သတိပေးပါတယ်။ အစ္စရေးဝန်ကြီးချုပ် Netanyahu ရဲ့ စနေနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂါဇာနဲ့အီဂျစ်ကြား နယ်စပ်ကို စစ်မဲ့ဇုံအဖြစ် အစ္စရေးထိန်းချုပ်မှုအောက်မှာ ထားရမယ်လို့ ပြောနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG