သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေး လေကြောင်းကတိုက်ခိုက်


အစ္စရေးစစ်တပ်ကထုတ်ပြန်ထားသည့် လက်ဘနွန်အတွင်း ဗုံးကြဲခဲ့သည့် အဆောက်အဦတခု (ဒီဇင်ဘာ ၃၀၊ ၂၀၂၃)
အစ္စရေးစစ်တပ်ကထုတ်ပြန်ထားသည့် လက်ဘနွန်အတွင်း ဗုံးကြဲခဲ့သည့် အဆောက်အဦတခု (ဒီဇင်ဘာ ၃၀၊ ၂၀၂၃)

အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်တလျှောက် လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဒီနေ့မှာ လုပ်နေသလို၊ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ တိုက်ခိုက်မှုတွေမှာ ပါလက်စတိုင်းနယ်မြေ ဗဟိုမှာရှိတဲ့ Al-Bureij ဧရိယာနဲ့ ဂါဇာရဲ့ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်တဲ့ တောင်ပိုင်းရှိ Khan Younis ဒေသတွေ ပါဝင်ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေကို ပစ်မှတ်ထားပြီးတော့ လက်ဘနွန်တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအသစ်တွေလုပ်ခဲ့ပါသေးတယ်။ ဆီးရီးယားပိုင်နက်ကနေ အစ္စရေးဘက်ကို တိုက်ခိုက်လာမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယား တပ်ပိုင် အခြေခံအဆောက်အဦတခုကို တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေးဘက်ကပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒမတ်စကတ်မြို့ဆင်ခြေဖုံးကို ထိမှန်ခဲ့ပြီး ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရသတင်းအေဂျင်စီက ပြောပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့က နောက်ပြန်မဆုတ်ဘူးဆိုရင် လက်ဘနွန်မှာ စစ်ပွဲ အပြည့်ဖြစ်လာမယ်လို့ အစ္စရေးက သတိပေးထားပါသေးတယ်။ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာ နှစ်ဘက်စလုံးကို အီရန်က ကျောထောက်နောက်ခံပြုထားပြီး ဆီးရီးယား၊ အီရတ်နဲ့ ယီမင်ရှိ စစ်သွေးကြွမဟာမိတ်တွေက အစ္စရေးကို တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG