သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို ဟာမတ်စ်အဖွဲ့ ရော့ကတ်ဒုံးတွေနဲ့ တိုက်ခိုက်


အစ္စရေးနဲ့ နယ်စပ် ဂါဇာကမ်းမြောင်ဒေသမှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (ဇန်နဝါရီ ၁၊ ၂၀၂၄)
အစ္စရေးနဲ့ နယ်စပ် ဂါဇာကမ်းမြောင်ဒေသမှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (ဇန်နဝါရီ ၁၊ ၂၀၂၄)

ဂါဇာဒေသမှာ ဟာမတ်စ်စစ်သွေးကြွတွေရဲ့ ဒီကနေ့ ရော့ကတ်ဒုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံအနှံ့ လေကြောင်းရန် သတိပေးဥသြသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရော့ကတ်ဒုံးတွေနဲ့ ပစ်ခတ်မှုကြောင့် သေကြေထိခိုက်မှု သတင်းတော့ မကြားရပါဘူး။ ဂါဇာဒေသက ဟာမတ်စ်တွေကို ချေမှုန်းဖို့ အစ္စရေးတပ်ဖွဲ့တွေ ဆက်လက် ထိုးစစ်ဆင်နေသလို ဟာမတ်စ်တွေကလည်း အစ္စရေးကို ဆက်လက် တိုက်ခိုက်နေတာပါ။

အစ္စရေးစစ်တပ်က ဂါဇာမှာ မြေပြင်ရော၊ လေကြောင်းကနေပါ ဆက်လက် ထိုးစစ်ဆင်နပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ပါဝင်တဲ့ ဟာမတ်စ်တပ်မှူးတဦး သေဆုံးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသွားတဲ့ Adel Mesmah ဆိုသူဟာ ဂါဇာဒေသမှာ ထိုးစစ်ဆင်နေတဲ့ အစ္စရေးတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဟာမတ်စ်တွေကို ဦးဆောင်နေသူ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ ထိုးစစ်ကြောင့် လူပေါင်း ၂၁,၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ဟာမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အရပ်သားတွေနဲ့ စစ်သွေးကြွတွေရဲ့ အရေအတွက်ကို ခွဲမပြောထားပေမဲ့ သေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဟာမတ်စ်တွေဘက်က ဓားစာခံ ၁၂၉ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး၊ တိုက်ပွဲတွေအတွင်း စစ်ဘက်ဝန်ထမ်း ၁၇၂ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

XS
SM
MD
LG