သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ တနှစ်လုံး ဂါဇာစစ်ရှိနေဦးမယ်လို့ အစ္စရေးစစ်တပ်သတိပေး

ဟာမတ်စ်တွေ တူးထားတဲ့ ဥမင်ရှိရာကို ညွှန်ပြန်ေတဲ့ အစ္စရေးစစ်တပ်ပြောခွင့်ရ Daniel Hagari (နိုဝင်ဘာ ၁၃၊ ၂၀၂၃)
ဟာမတ်စ်တွေ တူးထားတဲ့ ဥမင်ရှိရာကို ညွှန်ပြန်ေတဲ့ အစ္စရေးစစ်တပ်ပြောခွင့်ရ Daniel Hagari (နိုဝင်ဘာ ၁၃၊ ၂၀၂၃)

၂၀၂၄ ခုနှစ် တနှစ်လုံး ဂါဇာစစ်ပွဲက ဆက်နေဦးမယ်လို့ အစ္စရေးက သတိပေးလိုက်သလို ဂါဇာမှာ သေဆုံးသွားတဲ့ ပါလက်စတိုင်းဦးရေက ၂,၂၀၀၀ နားနီးသွားပြီလို့ ဟာမတ်စ်က တနင်္လာနေ့က ပြောလိုက်ပါတယ်။

ရေရှည်တိုက်ပွဲကိုပြင်ဆင်ဖို့ အရံတပ်အင်အား သုံးသိန်းထဲက တချို့ အနားရကြလိမ့်မယ်လို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒင်န်နီယယ် ဟဂရီ (Daniel Hagari) က ပြောပါတယ်။ အစ္စရေး စစ်သား ထောင်ပေါင်းများစွာကို ဂါဇာကနေ ပြန်ရုပ်သိမ်းလိုက်တယ်လို့လည်း စစ်တပ်က ဆိုပါတယ်။ ဟာမတ်စ်တွေ အုပ်ချုပ်နေတဲ့ ဂါဇာကို အစ္စရေးက လေကြောင်းကရော၊ လက်နက်ကြီးတွေနဲ့ပါ ဆက်လက် တိုက်ခိုက်နေပြီး ၂၄ ယောက် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်ရဲ့ကျန်းမာရေးဌာနက ဆိုပါတယ်။

ဟာမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက်မှာ တိုက်ခဲ့ရာက ဖြစ်ပေါ် လာခဲ့တဲ့စစ်ပွဲမှာ ပါလက်စတိုင်း အနည်းဆုံး ၂၁,၉၇၈ ယောက် သေဆုံးခဲ့ပြီလို့ ဟာမတ်စ်ရဲ့ ကျန်းမာရေးဌာနက တနင်္လာနေ့က ပြောပါတယ်။ ဂါဇာလူဦးရေရဲ့ ၈၅ ရာနှုန်းကလည်း အိုးအိမ်စွန့်ခွါ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

သောကြာနေ့တုန်းကတော့ ကာတာမှာရှိနေတဲ့ ဟာမတ်စ် ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်က အဆိုပြုထားတဲ့ အဆင့် ၃ ဆင့်ပါ အပစ်ရပ်စဲရေး အဆိုပြုချက်ကို ဆွေးနွေးဖို့အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သောကြာနေ့က သွားရောက်ခဲ့ကြတယ်လို့ ဟာမတ်စ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

၂၀၂၄ တနှစ်လုံး ဂါဇာစစ်ရှိနေဦးမယ်လို့ အစ္စရေးစစ်တပ်သတိပေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG