သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ဖို့ သံတမန်ရေး ဖိအားပေးတွေတိုး


ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Majed al-Ansari
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Majed al-Ansari

အစ္စရေးနဲ့ Hamas ကြား အပစ်အခတ်ရပ်စဲရေး နဲ့ ပတ်သက်ပြီး ၂ ဘက်စလုံးအနေနဲ့ ပိုမိုအားစိုက်ပြီး အလေးအနက်ထား လုပ်ဆောင်ကြဖို့ ကာတာနိုင်ငံ အကြီးတန်းတာဝန်ရှိသူတဦးက ၂ ဘက်စလုံးကို တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးမီဒီယာ ၂ ခု နဲ့ တွေ့ဆုံမေးမြန်းပြီး မနေ့ စနေနေ့ညနေပိုင်းက ထုတ်လွှင့်ခဲ့တာမှာတော့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Majed al-Ansari က သူ့အနေနဲ့ Hamas နဲ့ အစ္စရေး ၂ ဘက်စလုံးကို စိတ်ပျက်မိတယ်လို့ ပြောလိုက်ပါတယ်။

၂ ဘက်စလုံးအနေနဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွားတွေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ အရပ်သားပြည်သူတွေရဲ့ ကောင်းကျိုးအတွက် စဉ်းစားပြီး ဆုံးဖြတ်တာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓါးစားခံတွေ လွှတ်ပေးဖို့နဲ့ ၇ လကြာ ဂါဇာစစ်ပွဲ ယာယီရပ်ဆိုင်းဖို့ကိစ္စ သဘောတူညီမှုရဖို့အတွက် ၂ ဘက်စလုံးကို ဖိအားတွေ တိုးလာနေချိန်မှာပဲ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ အစ္စရေးနဲ့ Hamas စစ်ပွဲတလျှောက် အမေရိကန်နဲ့ အီဂျစ်နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ပေးတဲ့ အဓိကကျတဲ့ နိုင်ငံတခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၂ ဘက် ယာယီအပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးကိစ္စ စေ့စပ်ဆွေးနွေးမှုတွေ အောင်မြင်အောင် လုပ်ဆောင်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး ၂ ဘက်ကြားမှာ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် နောက်ထပ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတော့ အခုချိန်ထိ မရသေးပဲ ဖြစ်နေပါတယ်။ ကာတာကတော့ ဒီအပေါ်စိတ်ပျက်ကြောင်း ပြသတဲ့အနေနဲ့ ကြားဝင်စေ့စပ်သူအနေနဲ့ လုပ်နေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့ တပတ်က ပြောလိုက်ပါတယ်။

Forum

XS
SM
MD
LG