သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း အစ္စရေးတိုက်ခိုက်မှု ၉၀ ထက်မနည်း သေဆုံး


Palestinians Israel/ ဂါဇာဒေသ အစ္စရေးတိုက်ခိုက်မှု
Palestinians Israel/ ဂါဇာဒေသ အစ္စရေးတိုက်ခိုက်မှု

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ လူပေါင်း ၉၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ ဟားမတ်စ် စစ်ဦးစီးချုပ် Mohammed Deif ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ကြောင်း အစ္စရေးက ပြောပေမယ့် ဟားမတ်စ်တွေကတော့ မဟုတ်မှန်ကြောင်း ချက်ချင်းပဲ ငြင်းဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ လူပေါင်း ၉၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ ဟားမတ်စ် စစ်ဦးစီးချုပ် Mohammed Deif ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ကြောင်း အစ္စရေးက ပြောပေမယ့် ဟားမတ်စ်တွေကတော့ မဟုတ်မှန်ကြောင်း ချက်ချင်းပဲ ငြင်းဆိုပါတယ်။

သေဆုံးရသူတွေထဲမှာ Deif ပါမပါတော့ ခုထိမသိရသေးဘူးလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Natanyahu က ပြောပါတယ်။ အစ္စရေး အရာရှိတွေကတော့ သူနဲ့ ဒုစစ်ဦးချုပ် Rafa Salama တို့ကို အဓိက ပစ်မှတ်ထားတာ ဖြစ်ကြောင်း အတည်ပြုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဘယ်သူတွေ သေဆုံးတယ်ဆိုတာကို စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် ဘေးကင်းဇုံအဖြစ်သူတို့ သတ်မှတ်ထားတဲ့ နေရာမှာတိုက်ခိုက်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်ကိုတော့ မငြင်းပါဘူး။

Deif ဟာ အစ္စရေနဲ့- ဟားမတ်စ် ကြား စစ်ပွဲစတင်စေတဲ့ ၊ လူ ပေါင်း ၁၂၀၀ လောက် သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟားမတ်စ်တွေ ဝင်တိုက်ခိုက်မှုကို စီစဉ်သူအများအပြား ထဲကတယောက်ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

ဟားမတ်စ် ဒုတိယထိပ်တန်းခေါင်းဆောင် Yahya Sinwar ဟာလည်း အစ္စရေးဘက်က အလိုအရှိဆုံး စာရင်းမှာ ပါနေပြီး သူ့ကိုလုပ်ကြံဖို့ အစ္စရေးဘက်က အကြိမ်ကြိမ်ကြိုးစား ခဲ့ပေမယ့် ခုထိလွတ်မြောက်နေဆဲပဲလို့ အစ္စရေးက ယုံကြည်ပါတယ်။ တကယ်လို့ အခုတိုက်ခိုက်မှုကန Deif သေဆုံးသွားခဲ့ရင် ဂါဇာအပစ်ရပ်ရေး ဆွေးနွေးပွဲတွေ လမ်းကြောင်း ပြောင်းသွား နိုင်ပါတယ်။

အခု အစ္စရေးရဲ့ မဟုတ်မှန်တဲ့ ပြောကြားချက်တွေဟာ လူအစုလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ချင်တာကြောင့် ဖြစ်ကြောင်း ဟားမတ်စ်တွေက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဟားမတ်စ်တွေရဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၉၀ ထက်မနည်း သေဆုံးရသလို ဒဏ်ရာရသူက အနည်းဆုံး ၃၀၀ လောက်ရှိ ကြောင်းနဲ့ သေဆုံးဒဏ်ရာရသူ အများအပြားကို အနားက Nasser ဆေးရုံကို သယ်သွားရတယ်လို့ ပြောပါတယ်။ AP သတင်းဌာနကတော့ သေဆုံးသူ အလောင်း ၄၀ တွေ့ခဲ့တယ်လို့ ပြောပါတယ်။

Forum

XS
SM
MD
LG