သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေး ဆက်လက် ထိုးစစ်ဆင်နေ


အစ္စရေးရဲ့ ရွှေ့ပြောင်းအမိန့်ကြောင့် စစ်ဘေးရှောင်နေရသူများကိုတွေ့ရစဉ် (ဇူလိုင် ၁၀၊ ၂၀၂၄)
အစ္စရေးရဲ့ ရွှေ့ပြောင်းအမိန့်ကြောင့် စစ်ဘေးရှောင်နေရသူများကိုတွေ့ရစဉ် (ဇူလိုင် ၁၀၊ ၂၀၂၄)

ဂါဇာအလယ်ပိုင်းဒေသကို အစ္စရေးက ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဆက်လက် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ဒါဟာ ဂါဇာမှာ လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့တဲ့ မနေ့က စာသင်ကျောင်းတိုက်ခိုက်ခံရမှုအပြီး ထပ်မံ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

Nuseirat မြို့နဲ့ Khan Younis မြို့တွေကို အစ္စရေးတပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ပါလက်စတိုင်း အရပ်သားတွေခိုလှုံဖို့ အစ္စရေးဘက်က ညွန်ကြားထားတဲ့ လူသားချင်းစာနာ ထောက်ထားမှု ဘေးကင်းဇုန်ဖြစ်တဲ့ Deir al-Balah ဒေသမှာရှိတဲ့ နေအိမ်တလုံးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို တိုက်ခိုက်မှုတွေက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ထိခိုက်စေတယ်လို့ ဟာမတ်စ်အဖွဲ့က အင်္ဂါနေ့က သတိပေးထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းစေတဲ့ အစ္စရေးရဲ့ ရွှေ့ပြောင်းအမိန့်ကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဂါဇာမြို့တော် အနောက်ဘက်ကို အရပ်သားတွေ ဘေးကင်းစွာ ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် အစ္စရေးက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ တနင်္ဂနွေနေ့က သတင်းထုတ်ပြန် တောင်းဆိုထားပါတယ်။

အရပ်သားတွေ ပြောင်းရွှေ့ရေး အစီအစဉ်တွေဟာ ရှုတ်ထွေးနေပြီး၊ အရပ်သားတွေ ရွှေ့ပြောင်းတဲ့ နေရာတွေမှာ စစ်ဆင်ရေးတွေဖော်ဆောင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေကိုလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဂါဇာကို အစ္စရေး ဆက်လက် ထိုးစစ်ဆင်နေ
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG