သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်တိုးချဲ့မှု ဆွေးနွေးပွဲထိခိုက်နိုင်ဟု ဟာမတ်စ်သတိပေး


ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဥ်။ (မတ် ၂၆၊ ၂၀၂၄)
ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဥ်။ (မတ် ၂၆၊ ၂၀၂၄)

Gaza City ထဲ အစ္စရေးလ်က စစ်ဆင်ရေးတွေတိုးချဲ့လာနဲ့ ထောင်ပေါင်းများစွာသော ဒေသခံတွေကို နေရာရွှေ့ပြောင်းခိုင်းတာဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ဟာမတ်စ်တို့က သတိပေးလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲပြီး အပြန်အလှန်အားဖြင့် ဟာမတ်စ်တို့လက်ထဲက ဓားစာခံတွေပြန်လွှတ်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးမှုတွေပျက်သွားရင် အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အစ္စရေးလ်စစ်တပ်မှာ အပြည့်အဝတာဝန်ရှိတယ်လို့ ဟာမတ်စ်တို့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၉ လရှိလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲမှာ အပစ်အခတ်ရပ်စဲနိုင်ဖို့ အချိန်ယူဆွေးနွေးမှုတွေမှာ ကွာဟချက်တွေနည်းပါးလာကြောင်း နှစ်ဖက်ပြောဆိုချက်ထွက်လာပြီးရက်ပိုင်းအကြာမှာပဲ ဟာမတ်စ်တို့ရဲ့ကြေညာချက်ထွက်လာတာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေကိုတော့ ဒီသီတင်းပတ်နှောင်းပိုင်းမှာ ပြန်လည်စတင်မယ်လို့တော့ ခန့်မှန်းရပါတယ်။ ဟာမတ်စ်တို့ဘက်ကတော့ စစ်ပွဲတွေအဆုံးသတ်သွားအောင် ဂါဇာကနေ အစ္စရေးလ်တပ်တွေ လုံးဝဆုတ်ခွါသွားဖို့လိုလားနေပါတယ်။

အစ္စရေးလ်ဖက်ကလည်း ပါလက်စတိုင်းစစ်သွေးကြွအုပ်စုကို အမြစ်ပြတ် မခြေမှုန်းနိုင်ခင် စစ်ပွဲကိုအဆုံးမသတ်နိုင်ဘူးလို့ပြောဆိုထားတာပါ။ ဒါတင်မကဘဲ ဂါဇာကမ်းမြောင်ဒေသရဲ့ စစ်လွန်ကာလအုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဟာလည်း အငြင်းပွါးစရာအကြောင်းအရာတွေအဖြစ် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG