သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီအပစ်ရပ်ရေးလေ့လာသုံးသပ်နေဟု ဟာမတ်စ်အကြီးအကဲပြောဆို


ဟာမတ်စ်အကြီးအကဲ Ismail Haniyeh
ဟာမတ်စ်အကြီးအကဲ Ismail Haniyeh

ဟာမတ်စ်အဖွဲ့က အပြုသဘောဆောင်တဲ့အနေနဲ့ အစ္စရေးနဲ့ ယာယီအပစ်အခတ် ရပ်စဲရေးအဆိုပြုချက်တင်ဖို့ လေ့လာနေတယ်လို့ ဟားမတ်စ်အကြီးအကဲ Ismail Haniyeh က ကြာသပတေးနေ့မှာ ပြောပါတယ်။

Haniyeh ဟာ ဒီကိစ္စအတွက် အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ Abbas Kamel ကိုရော ကာတာဝန်ကြီးချုပ် Mohammed bin Abdulrahman Al Thani ကိုပါ တယ်လီဖုံးဆက်ပြီး ဆွေးနွေးခဲ့တယ်လို့လည်း ဟာမတ်စ်ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် အပစ်ရပ်ရေးဆွေးနွေးမှုတွေ ပိုလုပ်ဖို့ အီဂျစ်ကို ကိုယ်စားလှယ်အဖွဲ့တဖွဲ့ သူစေလွှတ်ထားတယ် လို့လည်း ပြောပါတယ်။

ဂါဇာမှာ ရက်ပေါင်း ၄၀ အပစ်ရပ်ဖို့ နဲ့ ပါလက်စတိုင်းအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးဖို့အတွက် ဟာမတ်စ်ဘက်က ဒါဇင်နဲ့ချီတဲ့ အစ္စရေး ဓါးစားခံတွေကို ပြန်လွှတ်ပေးရေး ညှိနှိုင်းရေးမှူးတွေက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံနေရတဲ့ ပါလက်စတိုင်းတွေ ပြန်လွတ်လာဖို့နဲ့ သူတို့ဒုက္ခရောက်နေတာတွေ ချက်ချင်းလျော့သွားတာကို ဟာမတ်စ်တွေဘက်က မြင်ချင်တယ်ဆိုရင် ဒီအဆိုပြုချက်ကို ဟာမတ်စ်တွေဘက်က လက်ခံဖို့လိုတယ်လို့ အစ္စရေးကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

ဟာမတ်စ်ကတော့ အစ္စရေးရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို သူတို့ရရှိကြောင်းနဲ့ သူတို့ဘက်က တစုံတရာ မတုံ့ပြန်ခင် အခြေအနေကို လေ့လာအုံးမှာဖြစ်ကြောင်း စနေနေ့မှာ ပြောပါတယ်။ တချိန်တည်းမှာပဲ ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး သူ့အစိုးရအဖွဲ့ဟာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဂါဇာမှာ အစ္စရေးက ရာဖါစစ်ဆင်ရေးလုပ်ဖို့ စီစဉ်နေချိန်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုံးနဲ့ဆက်သွယ် ပြောကြားခဲ့ပါတယ်။

ယာယီအပစ်ရပ်ရေးလေ့လာသုံးသပ်နေဟု ဟာမတ်စ်အကြီးအကဲပြောဆို
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG