သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် တိုက်ခိုက်မှုကြောင့် Hamas နိုင်ငံရေးခေါင်းဆောင်မိသားစုဝင်တွေ သေဆုံး


ဂါဇာမြို့အနောက်ပိုင်း ပါလက်စတိုင်းဒုက္ခသည်တွေနေထိုင်တဲ့ Shati ဒုက္ခသည်စခန်းအတွင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ကာတာနိုင်ငံ၊ ဒိုဟာမြို့အခြေစိုက် ဟာမတ်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ညီမဖြစ်သူနေအိမ် ပျက်စီးပြိုကျသွားတဲ့မြင်ကွင်း။
ဂါဇာမြို့အနောက်ပိုင်း ပါလက်စတိုင်းဒုက္ခသည်တွေနေထိုင်တဲ့ Shati ဒုက္ခသည်စခန်းအတွင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ကာတာနိုင်ငံ၊ ဒိုဟာမြို့အခြေစိုက် ဟာမတ်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ညီမဖြစ်သူနေအိမ် ပျက်စီးပြိုကျသွားတဲ့မြင်ကွင်း။

ဂါဇာမြောက်ပိုင်းမှာ အစ္စရေးတပ်တွေရဲ့ အင်္ဂါနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Qatar အခြေစိုက် ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဆွေမျိုးမိသားစုဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသတာဝန်ခံတွေနဲ့ သေဆုံးသူတွေရဲ့မိသားစုတွေက အတည်ပြုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမြို့အနောက်ဘက်က ရှာတီဒုက္ခသည်စခန်းက အိမ်တလုံးကို ထိမှန်ခဲ့တာပါ။ Haniyeh ရဲ့ သား ၃ ယောက်ဟာလည်း ဂါဇာစစ်ပွဲ အစောပိုင်းမှာကတည်းက အစ္စရေးတဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ အစ္စရေးစစ်တပ်ကတော့ အောက်တိုဘာ ၇ ရက် ဟာမတ်စ်တွေ အစ္စရေးကိုဝင်တိုက်ရာမှာပါဝင်တဲ့ ဟာမတ်စစ်သွေးကြွတွေ နေထိုင်လေ့ရှိတဲ့ ရှာတီနဲ့ တခြား ဂါဇာမြောက်ပိုင်းက အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အစ္စရေးတွေဟာ ဂါဇာမှာ ဟာမတ်စ်တွေနဲ့တိုက်ခိုက်နေတဲ့အပြင် ဟာမတ်စ်တွေကို ထောက်ခံတဲ့ ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေနဲ့ လက်ဘနွန်နယ်စပ်မှာပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား တိုက်ပွဲတွေကနေတဆင့် ဒေသတွင်းမှာ စစ်ပွဲတွေပိုပြီး ကျယ်ပြန့် လာနိုင်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာဗ် Gallant ကို သတိပေးလိုက်သလို ဒီပြဿနာကို သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲဟာ ၉ လထဲ ရောက်လာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေးနဲ့ လက်ဘနွန်က အီရန်ပံ့ပိုးမှုပေးထားတဲ့ ဟက်ဇ်ဘိုလာတွေနဲ့ကြားမှာတော့ အပြန်အလှန်ပစ်ခတ်မှုက နေ့စဉ်လိုလို ရှိနေတာပါ။ အစ္စရေး ကာကွယ်ရေးဝန်ကြီးကတော့ သဘောတူညီမှုရအောင် ၂ နိုင်ငံ အနီးကပ် လက်တွဲဆောင်ရွက်နေတာဖြစ်ပေမယ့် ဖြစ်နိုင်ချေတိုင်းအတွက် အသင့်ဖြစ်စေဖို့ ၂ ဘက် ဆွေးနွေးရအုံးမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Austin နဲ့ ဆွေးနွေးပွဲမလုပ်ခင်လေးမှာပဲ ပြောခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကလည်း ဟက်ဇ်ဘိုလာတွေနဲ့တိုက်ခိုက်ဖို့ အတည်ပြုချက်ရအောင် လုပ်ဖို့ အစီစဉ်ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း အစ္စရေးအနေနဲ့ လက်ဘနွန်မှာ စစ်ရှိန်တိုးမလာအောင် ရှောင်ရှားဖို့ တနင်္လာနေ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Gallant နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG